ကက္ရွ္မီးယားေဒသမွာ သူပုန္အဖြဲ႔ေတြက အစိုးရ ရဲတပ္ဖြဲ႔၀င္ အိမ္ေတြကို ၀င္စီး

0
936

အိႏၵိယႏိုင္ငံ ရွိပိုင္နက္နယ္ေျမအျငင္းပြားေနတဲ့ ကက္ရွ္မီးယား ျပည္နယ္မွာ ရဲတပ္ဖြဲ႔ ၀င္ အိမ္ေတြကို လူတစ္စုက စီနင္းခဲ့ၿပီး ျပန္ေပးဆြဲကာ သတ္ျဖတ္ခဲ့တယ္လို႔ အိႏၵိယအစိုးရတာဝန္ရွိသူေတြက ေျပာပါတယ္။

ျပည္နယ္အတြင္းရွိ အင္းအားၾကီးသူပုန္အုပ္စုဟာ ကက္ရွ္မီးယားျပည္နယ္ရွိ ရဲမ်ားကို ရဲတပ္ဖြဲ႔မွ ႏုတ္ထြက္ဖုိ႔နဲ႔ အၾကမ္းဖက္စစ္ ဆင္ေရးေတြမွာ မပါ၀င္ဖုိ႔ တုိက္တြန္းခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာပဲ ရဲတပ္ဖြဲ႔၀င္အိမ္ေတြကို စီနင္းမႈျဖစ္ခဲ့တာပါ။

ကက္ရွ္မီးယားျပည္နယ္ရွိ သူပုန္အုပ္စုေတြဟာ အိႏၵိယရဲတပ္ဖြဲ႕နဲ႔အတူ အလုပ္လုပ္ေနသူေတြကို ပစ္မွတ္ထား တုိက္ခုိက္ေနပါတယ္။ သူပုန္အဖြဲ႔၀င္ ၂ ဒါဇင္ေက်ာ္ဟာ ကက္ရွ္မီးယားျပည္နယ္ ေတာင္ပိုင္းရွိ အိမ္ေတြကို စီနင္းခဲ့ၿပီး ရဲတပ္ဖြဲ႔ ၄ ဦးကို ျပန္ေပးဆြဲခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။ ျပန္ေပးဆြဲခဲ့သူ ရဲ ၄ ဦးအနက္ ၃ ဦးကို သူပုန္အဖြဲ႔ေတြက ပစ္သတ္ခဲ့ၿပီး က်န္တစ္ဦးကို ျပန္လႊတ္ေပးခဲ့တယ္လို႔ အစိုးရတာဝန္ရွိသူေတြက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကက်ရှ်မီးယားဒေသမှာ သူပုန်အဖွဲ့တွေက အစိုးရ ရဲတပ်ဖွဲ့ဝင် အိမ်တွေကို ဝင်စီး

အိန္ဒိယနိုင်ငံ ရှိပိုင်နက်နယ်မြေအငြင်းပွားနေတဲ့ ကက်ရှ်မီးယား ပြည်နယ်မှာ ရဲတပ်ဖွဲ့ ဝင် အိမ်တွေကို လူတစ်စုက စီနင်းခဲ့ပြီး ပြန်ပေးဆွဲကာ သတ်ဖြတ်ခဲ့တယ်လို့ အိန္ဒိယအစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

ပြည်နယ်အတွင်းရှိ အင်းအားကြီးသူပုန်အုပ်စုဟာ ကက်ရှ်မီးယားပြည်နယ်ရှိ ရဲများကို ရဲတပ်ဖွဲ့မှ နုတ်ထွက်ဖို့နဲ့ အကြမ်းဖက်စစ် ဆင်ရေးတွေမှာ မပါဝင်ဖို့ တိုက်တွန်းခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ ရဲတပ်ဖွဲ့ဝင်အိမ်တွေကို စီနင်းမှုဖြစ်ခဲ့တာပါ။

ကက်ရှ်မီးယားပြည်နယ်ရှိ သူပုန်အုပ်စုတွေဟာ အိန္ဒိယရဲတပ်ဖွဲ့နဲ့အတူ အလုပ်လုပ်နေသူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေပါတယ်။ သူပုန်အဖွဲ့ဝင် ၂ ဒါဇင်ကျော်ဟာ ကက်ရှ်မီးယားပြည်နယ် တောင်ပိုင်းရှိ အိမ်တွေကို စီနင်းခဲ့ပြီး ရဲတပ်ဖွဲ့ ၄ ဦးကို ပြန်ပေးဆွဲခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ပြန်ပေးဆွဲခဲ့သူ ရဲ ၄ ဦးအနက် ၃ ဦးကို သူပုန်အဖွဲ့တွေက ပစ်သတ်ခဲ့ပြီး ကျန်တစ်ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)