LGBT ေတြကို မေလးရွား လက္မခံဘူးလို႔ ေျပာ

0
1754

လိင္တူခ်စ္သူ၊ လိင္ႏွစ္မ်ိဳးလံုး စိတ္ဝင္စားသူနဲ႔ လိင္ေျပာင္းထားသူ LGBT ေတြနဲ႔ လိင္တူခ်င္း လက္ထပ္တာဟာ အေနာက္ႏိုင္ငံ တန္ဖိုးေတြျဖစ္ၿပီး မေလးရွားက လက္ခံမွာ မဟုတ္ဘူးလို႔ ဝန္ႀကီးခ်ဳပ္ ေဒါက္တာ မဟာသီယာ မိုဟာမက္က ေျပာပါတယ္။

မေလးရွား လူ႔အခြင့္အေရး ေကာ္မရွင္ရဲ႕ အႀကံျပဳခ်က္ကို အစိုးရက အေလးထားသည့္တိုင္ အရာအားလံုးကို လက္ခံမွာ မဟုတ္ဘူးလို႔ ဝန္ႀကီးခ်ဳပ္ မဟာသီယာက ေျပာပါတယ္။ လူ႔အခြင့္အေရး ေကာ္မရွင္ကို သေဘာတူမယ္ဆိုရင္ အေနာက္ႏိုင္ငံေတြရဲ႕ တန္ဖိုးထားမႈ စနစ္က ကြ်န္ေတာ္တို႔နဲ႔ မတူဘူးဆိုတာကို သတိေပးခ်င္ပါတယ္လို႔ သူက ေျပာပါတယ္။

ကေလးေတြကို ေမြးစားတာ မိသားစုလို႔ နားလည္လို႔ရတယ္၊ ဒါေပမယ့္ ေယာက်္ား ႏွစ္ဦး၊ မိန္းမႏွစ္ဦး ေပါင္းဖက္တာက မိသားစု မဟုတ္ဘူးလို႔ မေလးရွား ဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

LGBT တွေကို မလေးရှား လက်မခံဘူးလို့ ပြော

လိင်တူချစ်သူ၊ လိင်နှစ်မျိုးလုံး စိတ်ဝင်စားသူနဲ့ လိင်ပြောင်းထားသူ LGBT တွေနဲ့ လိင်တူချင်း လက်ထပ်တာဟာ အနောက်နိုင်ငံ တန်ဖိုးတွေဖြစ်ပြီး မလေးရှားက လက်ခံမှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ် ဒေါက်တာ မဟာသီယာ မိုဟာမက်က ပြောပါတယ်။

မလေးရှား လူ့အခွင့်အရေး ကော်မရှင်ရဲ့ အကြံပြုချက်ကို အစိုးရက အလေးထားသည့်တိုင် အရာအားလုံးကို လက်ခံမှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ် မဟာသီယာက ပြောပါတယ်။ လူ့အခွင့်အရေး ကော်မရှင်ကို သဘောတူမယ်ဆိုရင် အနောက်နိုင်ငံတွေရဲ့ တန်ဖိုးထားမှု စနစ်က ကျွန်တော်တို့နဲ့ မတူဘူးဆိုတာကို သတိပေးချင်ပါတယ်လို့ သူက ပြောပါတယ်။

ကလေးတွေကို မွေးစားတာ မိသားစုလို့ နားလည်လို့ရတယ်၊ ဒါပေမယ့် ယောကျာ်း နှစ်ဦး၊ မိန်းမနှစ်ဦး ပေါင်းဖက်တာက မိသားစု မဟုတ်ဘူးလို့ မလေးရှား ဝန်ကြီးချုပ်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)