တ႐ုတ္ႏိုင္ငံမွာ မီး႐ိႈ႕လူသတ္တဲ့ ကေလးထိန္းကို ကြပ္မ်က္

0
265

တ႐ုတ္ႏိုင္ငံ အေရွ႕ပိုင္း ဇီက်န္ျပည္နယ္မွာ ၂၀၁၇ ခုႏွစ္တုန္းက မိသားစုဝင္ ေလးဦးကို မီး႐ိႈ႕သတ္တဲ့ ကေလးထိန္းကို မေန႔က စက္တင္ဘာ ၂၁ ရက္မွာ ေသဒဏ္ေပး ကြပ္မ်က္လိုက္ပါတယ္။ ေလာင္းကစားစြဲၿပီး ေငြေၾကးျပႆနာ တက္ေနတဲ့ ကေလးထိန္းက အလုပ္ရွင္ အမ်ိဳးသမီးနဲ႔ ကေလး ၃ ေယာက္ကို မီး႐ိႈ႕သတ္ခဲ့တာ ျဖစ္ပါတယ္။

ျပစ္မႈ က်ဴးလြန္ခဲ့တဲ့ ကေလးထိန္း မို ဟြန္က်င္း (၃၅ ႏွစ္) ရဲ႕ ေသဒဏ္ကို ဗဟိုျပည္သူ႔တရား႐ံုးကို ဟန္ဇု ျပည္နယ္ တရား႐ံုးက ေပးပို႔လို႔ သံုးသပ္ၿပီးေနာက္ အတည္ျပဳခဲ့တာ ျဖစ္ပါတယ္။ ဟန္ဇု တရား႐ံုးက ကြပ္မ်က္ျခင္း မျပဳမီ မိုရဲ႕ ေဆြမ်ိဳးေတြနဲ႔ ေတြ႔ဆံုခြင့္ ေပးခဲ့ပါတယ္။

မိုရဲ႕ လုပ္ရပ္ဟာ စက္ဆုပ္စရာ၊ အလြန္ ရက္စက္မႈနဲ႔ တျခားသူေတြအတြက္ အႏၱရာယ္ျဖစ္တယ္လို႔ တရား႐ံုးက သံုးသပ္ပါတယ္။ ကေလးထိန္း မိုက အဖမ္းခံရၿပီးေနာက္ မီး႐ိႈ႕သတ္ခဲ့မႈကို ဝန္ခံခဲ့ေပမယ့္ ျပင္းထန္ ရက္စက္တဲ့ လူသတ္နည္းျဖစ္လို႔ ျပစ္ဒဏ္ ေလွ်ာ့ေပါ့မေပးတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တရုတ်နိုင်ငံမှာ မီးရှို့လူသတ်တဲ့ ကလေးထိန်းကို ကွပ်မျက်

တရုတ်နိုင်ငံ အရှေ့ပိုင်း ဇီကျန်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်တုန်းက မိသားစုဝင် လေးဦးကို မီးရှို့သတ်တဲ့ ကလေးထိန်းကို မနေ့က စက်တင်ဘာ ၂၁ ရက်မှာ သေဒဏ်ပေး ကွပ်မျက်လိုက်ပါတယ်။ လောင်းကစားစွဲပြီး ငွေကြေးပြဿနာ တက်နေတဲ့ ကလေးထိန်းက အလုပ်ရှင် အမျိုးသမီးနဲ့ ကလေး ၃ ယောက်ကို မီးရှို့သတ်ခဲ့တာ ဖြစ်ပါတယ်။

ပြစ်မှု ကျူးလွန်ခဲ့တဲ့ ကလေးထိန်း မို ဟွန်ကျင်း (၃၅ နှစ်) ရဲ့ သေဒဏ်ကို ဗဟိုပြည်သူ့တရားရုံးကို ဟန်ဇု ပြည်နယ် တရားရုံးက ပေးပို့လို့ သုံးသပ်ပြီးနောက် အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ဟန်ဇု တရားရုံးက ကွပ်မျက်ခြင်း မပြုမီ မိုရဲ့ ဆွေမျိုးတွေနဲ့ တွေ့ဆုံခွင့် ပေးခဲ့ပါတယ်။

မိုရဲ့ လုပ်ရပ်ဟာ စက်ဆုပ်စရာ၊ အလွန် ရက်စက်မှုနဲ့ တခြားသူတွေအတွက် အန္တရာယ်ဖြစ်တယ်လို့ တရားရုံးက သုံးသပ်ပါတယ်။ ကလေးထိန်း မိုက အဖမ်းခံရပြီးနောက် မီးရှို့သတ်ခဲ့မှုကို ဝန်ခံခဲ့ပေမယ့် ပြင်းထန် ရက်စက်တဲ့ လူသတ်နည်းဖြစ်လို့ ပြစ်ဒဏ် လျှော့ပေါ့မပေးတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)