ဗင္းနစ္ၿမိဳ႕မွာ ခရီးသည္ေတြ ကန္႔သတ္ေနရာေတြမွာ ထိုင္ရင္ ယူ႐ို ၅၀၀ ဒဏ္႐ိုက္မယ္

0
204

ကမာၻလွည့္ခရီးသြားေတြ အလြန္မ်ားျပားေနတာကို ကိုင္တြယ္ႏိုင္ဖို႔အတြက္ အီတလီႏိုင္ငံ၊ ဗင္းနစ္ၿမိဳ႕မွာ ကန္႔သတ္ေနရာေတြ အတြင္း ခရီးသည္ေတြ ထိုင္ေနရင္ ဒဏ္ေငြ ယူ႐ို ၅၀၀ ေဆာင္ရေတာ့မွာ ျဖစ္ပါတယ္။

ဒီစိတ္ကူးကို ၿမိဳ႕ေတာ္ဝန္ လူဂီ ဘရတ္နာ႐ိုက တင္ျပခဲ့တာ ျဖစ္ၿပီး ဗင္းနစ္ၿမိဳ႕ ေကာင္စီက မၾကာခင္ မဲခြဲဆံုးျဖတ္မွာ ျဖစ္ပါတယ္။ ဗင္းနစ္ၿမိဳ႕မွာ #EnjoyRespectVenezia လႈပ္ရွားမႈကို ၂၀၁၇ ခုႏွစ္မွာ လုပ္ခဲ့ၿပီး ခရီးသြားေတြကို ႀကိဳဆိုေပမယ့္ ၿမိဳ႕ရဲ႕ စည္းကမ္းေတြကိုေတာ့ လိုက္နာရမွာ ျဖစ္ပါတယ္။

အခုလို ဒဏ္႐ုိက္မယ့္ အစီအစဥ္ကေတာ့ ဗင္းနစ္ၿမိဳ႕ကို လာလည္သူေတြ လုပ္ခ်င္ရာ မလုပ္ႏိုင္ေအာင္၊ ၿမိဳ႕ကို ေလးစားမႈရွိေအာင္၊ ၿမိဳ႕ျပ အျမင္တင့္ေအာင္နဲ႔ အမ်ားျပည္သူ လံုၿခံဳေရးအတြက္ျဖစ္တယ္လို႔ ၿမိဳ႕ေတာ္ဝန္က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဗင်းနစ်မြို့မှာ ခရီးသည်တွေ ကန့်သတ်နေရာတွေမှာ ထိုင်ရင် ယူရို ၅၀ဝ ဒဏ်ရိုက်မယ်

ကမ္ဘာလှည့်ခရီးသွားတွေ အလွန်များပြားနေတာကို ကိုင်တွယ်နိုင်ဖို့အတွက် အီတလီနိုင်ငံ၊ ဗင်းနစ်မြို့မှာ ကန့်သတ်နေရာတွေ အတွင်း ခရီးသည်တွေ ထိုင်နေရင် ဒဏ်ငွေ ယူရို ၅၀ဝ ဆောင်ရတော့မှာ ဖြစ်ပါတယ်။

ဒီစိတ်ကူးကို မြို့တော်ဝန် လူဂီ ဘရတ်နာရိုက တင်ပြခဲ့တာ ဖြစ်ပြီး ဗင်းနစ်မြို့ ကောင်စီက မကြာခင် မဲခွဲဆုံးဖြတ်မှာ ဖြစ်ပါတယ်။ ဗင်းနစ်မြို့မှာ #EnjoyRespectVenezia လှုပ်ရှားမှုကို ၂၀၁၇ ခုနှစ်မှာ လုပ်ခဲ့ပြီး ခရီးသွားတွေကို ကြိုဆိုပေမယ့် မြို့ရဲ့ စည်းကမ်းတွေကိုတော့ လိုက်နာရမှာ ဖြစ်ပါတယ်။

အခုလို ဒဏ်ရိုက်မယ့် အစီအစဉ်ကတော့ ဗင်းနစ်မြို့ကို လာလည်သူတွေ လုပ်ချင်ရာ မလုပ်နိုင်အောင်၊ မြို့ကို လေးစားမှုရှိအောင်၊ မြို့ပြ အမြင်တင့်အောင်နဲ့ အများပြည်သူ လုံခြုံရေးအတွက် ဖြစ်တယ်လို့ မြို့တော်ဝန်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)