ေၾကာင္တစ္ေကာင္ကို ရက္စက္စြာသတ္တဲ့ မေလးရွား ႏွစ္ဦး အဖမ္းခံရ

0
211

ေၾကာင္တစ္ေကာင္ကို ရက္စက္စြာ သတ္ျဖတ္မႈနဲ႔ မေလးရွား ႏွစ္ဦးကို တိရစာၦန္ကာကြယ္ေရး ဥပေဒအရ အမႈဖြင့္ အေရးယူထားပါတယ္။

နည္းပညာရွင္ ေအမိုဟန္ရတ္ (၄၁ ႏွစ္)နဲ႔ တကၠစီေမာင္းသမား အက္စ္ဆတ္သီယာ (၂၆ ႏွစ္)တို႔ဟာ ကိုယ္ဝန္ရွိေနတဲ့ ေၾကာင္မတစ္ေကာင္ကို ခလုတ္ဖြင့္ထားတဲ့ အဝတ္အေျခာက္ခံစက္ထဲ ထည့္ခဲ့တာကို CCTV ကင္မရာမွတ္တမ္းကေန ေတြ႔ရွိခဲ့တာျဖစ္လို႔ ဆယ္လာယန္ တရား႐ံုးမွာ အမႈဖြင့္ခံရတာ ျဖစ္ပါတယ္။

တိရစာၱန္တစ္ေကာင္ကို မလိုအပ္ဘဲ ႏွိပ္စက္ညွဥ္းပမ္းမႈနဲ႔ သူတို႔ႏွစ္ဦးကို ဖမ္းဆီးထားၿပီး က်န္တစ္ဦးက လြတ္ေျမာက္ေနပါတယ္။ သူတို႔ဟာ စက္တင္ဘာ ၁၁ ရက္ေန႔က တာမန္ဂြန္းဘက္ရီအာရွိ ကြင္းအေၾကြေစ့ထည့္ အဝတ္ေလွ်ာ္စက္ဆိုင္မွာ ျပစ္မႈက်ဴးလြန္ခဲ့ၾကတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကြောင်တစ်ကောင်ကို ရက်စက်စွာသတ်တဲ့ မလေးရှား နှစ်ဦး အဖမ်းခံရ

ကြောင်တစ်ကောင်ကို ရက်စက်စွာ သတ်ဖြတ်မှုနဲ့ မလေးရှား နှစ်ဦးကို တိရစ္ဆာန်ကာကွယ်ရေး ဥပဒေအရ အမှုဖွင့် အရေးယူထားပါတယ်။

နည်းပညာရှင် အေမိုဟန်ရတ် (၄၁ နှစ်)နဲ့ တက္ကစီမောင်းသမား အက်စ်ဆတ်သီယာ (၂၆ နှစ်)တို့ဟာ ကိုယ်ဝန်ရှိနေတဲ့ ကြောင်မတစ်ကောင်ကို ခလုတ်ဖွင့်ထားတဲ့ အဝတ်အခြောက်ခံစက်ထဲ ထည့်ခဲ့တာကို CCTV ကင်မရာမှတ်တမ်းကနေ တွေ့ရှိခဲ့တာဖြစ်လို့ ဆယ်လာယန် တရားရုံးမှာ အမှုဖွင့်ခံရတာ ဖြစ်ပါတယ်။

တိရစ္တာန်တစ်ကောင်ကို မလိုအပ်ဘဲ နှိပ်စက်ညှဉ်းပမ်းမှုနဲ့ သူတို့နှစ်ဦးကို ဖမ်းဆီးထားပြီး ကျန်တစ်ဦးက လွတ်မြောက်နေပါတယ်။ သူတို့ဟာ စက်တင်ဘာ ၁၁ ရက်နေ့က တာမန်ဂွန်းဘက်ရီအာရှိ ကွင်းအကြွေစေ့ထည့် အဝတ်လျှော်စက်ဆိုင်မှာ ပြစ်မှုကျူးလွန်ခဲ့ကြတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)