ဂင္းနက္စ္ စံခ်ိန္ဝင္ အႀကီးဆံုး ဂိမ္းဘြိဳင္စက္ တီထြင္

0
418

ကမာၻ႔အႀကီးဆံုး ဂိမ္းေဆာ့စက္ ဂိမ္းဘြိဳင္း (Gameboy) ကို တီထြင္လိုက္ၿပီျဖစ္တယ္လို႔ ဂိမ္းမားစ္ အက္ဒီရွင္ (Gamer’s Edition) က      ေ ၾကညာလိုက္ပါတယ္။

ဘယ္လ္ဂ်ီယမ္၊ ဘရပ္ဆဲၿမိဳ႕က ေက်ာင္းသားနဲ႔ ေဆာ့ဖ္ဝဲေရးသူတစ္ေယာက္ျဖစ္တဲ့ အီလ္ဟန္ အူနယ္ (Ilhan Ünal) က အလြန္ႀကီးမားတဲ့ လက္ကိုင္ဂိမ္းေဆာ့စက္ကို ဖန္တီးခဲ့တာ ျဖစ္ပါတယ္။

ႀကီးမားတဲ့ ဂိမ္းဘြိဳင္းစက္ဟာ အျမင့္ ၁၀၁ စင္တီမီတာ၊ အက်ယ္ ၆၂ စင္တီမီတာနဲ႔ အထူ ၂၀ စင္တီမီတာ ရွိၿပီး ဟန္ျပသက္သက္မဟုတ္ဘဲ တကယ့္ ဂိမ္းစက္အတိုင္း လုပ္ေဆာင္ခ်က္ အျပည့္နဲ႔ ကစားႏိုင္တယ္၊ မူလလက္ေဟာင္း ဂိမ္းဘြိဳင္းအတိုင္းပဲ တစ္ခုခ်င္းစီမွာ ကစားလို႔ရပါတယ္လို႔ အီလ္ဟန္က ေျပာပါတယ္။

သူတီထြင္ တည္ေဆာက္လိုက္တဲ့ ဂိမ္းေဆာ့စက္ေၾကာင့္ ကမာၻ႔အႀကီးဆံုး ဂိမ္းဘြိဳင္အျဖစ္ ကမာၻ႔ဂင္းနက္စ္စံခ်ိန္လည္း ဝင္သြားခဲ့ပါတယ္။ အဲလို စံခ်ိန္တင္သြားတဲ့အတြက္ ဖန္တီးလိုတဲ့ စိတ္ကို အႀကီးအက်ယ္ ျဖစ္ေပၚေစတယ္လို႔ သူက ေျပာပါတယ္။

ဂိမ္းဘြိဳင္းစက္ေတြကို လူအေတာ္မ်ားမ်ားဟာ သူတုိ႔ ကေလးဘဝ ကတည္းက ကစားဖူး ၾကပါတယ္။ ကြ်န္ေတာ္က ဒီ ဂိမ္းဘြိဳင္း စက္ေလးေတြကို ကေလး ဘဝကတည္းက အစြဲအလမ္း ႀကီးပါတယ္။ အဲ့ဒါေၾကာင့္ ကြ်န္ေတာ္ မ်က္ႏွာတည့္တည့္မွာ ထားၿပီး ကစားလို႔ရမယ့္ ႀကီးမားတဲ့ ဂိမ္းဘြိဳင္စက္ကုိ တည္ထြင္ခဲ့တာပါလို႔ သူက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂင်းနက်စ် စံချိန်ဝင် အကြီးဆုံး ဂိမ်းဘွိုင်စက် တီထွင်
ကမ္ဘာ့အကြီးဆုံး ဂိမ်းဆော့စက် ဂိမ်းဘွိုင်း (Gameboy) ကို တီထွင်လိုက်ပြီဖြစ်တယ်လို့ ဂိမ်းမားစ် အက်ဒီရှင် (Gamer’s Edition) က ကြေညာလိုက်ပါတယ်။

ဘယ်လ်ဂျီယမ်၊ ဘရပ်ဆဲမြို့က ကျောင်းသားနဲ့ ဆော့ဖ်ဝဲရေးသူတစ်ယောက်ဖြစ်တဲ့ အီလ်ဟန် အူနယ် (Ilhan Ünal) က အလွန်ကြီးမားတဲ့ လက်ကိုင်ဂိမ်းဆော့စက်ကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

ကြီးမားတဲ့ ဂိမ်းဘွိုင်းစက်ဟာ အမြင့် ၁၀၁ စင်တီမီတာ၊ အကျယ် ၆၂ စင်တီမီတာနဲ့ အထူ ၂၀ စင်တီမီတာ ရှိပြီး ဟန်ပြသက်သက်မဟုတ်ဘဲ တကယ့် ဂိမ်းစက်အတိုင်း လုပ်ဆောင်ချက် အပြည့်နဲ့ ကစားနိုင်တယ်၊ မူလလက်ဟောင်း ဂိမ်းဘွိုင်းအတိုင်းပဲ တစ်ခုချင်းစီမှာ ကစားလို့ရပါတယ်လို့ အီလ်ဟန်က ပြောပါတယ်။

သူတီထွင် တည်ဆောက်လိုက်တဲ့ ဂိမ်းဆော့စက်ကြောင့် ကမ္ဘာ့အကြီးဆုံး ဂိမ်းဘွိုင်အဖြစ် ကမ္ဘာ့ဂင်းနက်စ်စံချိန်လည်း ဝင်သွားခဲ့ပါတယ်။ အဲလို စံချိန်တင်သွားတဲ့အတွက် ဖန်တီးလိုတဲ့ စိတ်ကို အကြီးအကျယ် ဖြစ်ပေါ်စေတယ်လို့ သူက ပြောပါတယ်။

ဂိမ်းဘွိုင်းစက်တွေကို လူအတော်များများဟာ သူတို့ ကလေးဘဝ ကတည်းက ကစားဖူး ကြပါတယ်။ ကျွန်တော်က ဒီ ဂိမ်းဘွိုင်း စက်လေးတွေကို ကလေး ဘဝကတည်းက အစွဲအလမ်း ကြီးပါတယ်။ အဲ့ဒါကြောင့် ကျွန်တော် မျက်နှာတည့်တည့်မှာ ထားပြီး ကစားလို့ရမယ့် ကြီးမားတဲ့ ဂိမ်းဘွိုင်စက်ကို တည်ထွင်ခဲ့တာပါလို့ သူက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)