၂၀၂၀ နွေရာသီ အိုလံပစ်ကို ဂျပန်ပြည်သူ ၆၀ ရာခိုင်နှုန်းက ဆက်လက် ဆိုင်းငံ့စေလို

0
1094

အသစ်ကောက်ယူတဲ့ စစ်တမ်းအရ ဂျပန်နိုင်ငံသား ၆၀ ရာခိုင်နှုန်းဟာ ၂၀၂၀ နွေရာသီ အိုလံပစ်ပွဲတော်ကို ဖျက်သိမ်းတာ၊ ဒါမှမဟုတ် ထပ်မံရွှေ့ဆိုင်းတာ လုပ်လိုတယ်လို့ ဆန္ဒပြုကြပါတယ်။

ပြီးခဲ့တဲ့ မတ်လမှာ နိုင်ငံတကာ အိုလံပစ် ကော်မတီနဲ့ ဂျပန်အိုလံပစ် ကော်မတီတို့က ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ၂၀၂၀ တိုကျိုအားကစားပွဲကို ၂၀၂၁ အထိ ရွှေ့ဆိုင်းထားဖို့ ကြေညာခဲ့ပါတယ်။ အိုလံပစ် အားကစားပွဲကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်ကနေ သြဂုတ်လ ၈ ရက်အတွင်း ကျင်းပဖို့ သတ်မှတ်ခဲ့တာပါ။

NHK သတင်းဌာနရဲ့ စစ်တမ်းကောက်ယူချက်အရ ဂျပန်ပြည်သူ ၃၁ ရာခိုင်နှုန်းက အိုလံပစ်ပွဲတော်ကို လုံးဝ ဖျက်သိမ်းစေလိုတဲ့ဆန္ဒ ရှိပါတယ်။ တခြား ၃၅ ရာခိုင်နှုန်းကတော့ နောက်ကာလတစ်ခု ရွှေ့ဆိုင်းစေလိုကြပါတယ်။ ၂၆ ရာခိုင်နှုန်းကသာ နွေရာသီ အိုလံပစ်ပွဲတော်ကို သတ်မှတ်တဲ့အတိုင်း ဆက်လက် ကျင်းပစေလိုကြောင်း ဆန္ဒပြုပါတယ်။


_________________

_________________

၂၀၂၀ နွေရာသီ အိုလံပစ်ကို ဂျပန်ပြည်သူ ၆၀ ရာခိုင်နှုန်းက ဆက်လက် ဆိုင်းငံ့စေလို

အသစ်ကောက်ယူတဲ့ စစ်တမ်းအရ ဂျပန်နိုင်ငံသား ၆၀ ရာခိုင်နှုန်းဟာ ၂၀၂၀ နွေရာသီ အိုလံပစ်ပွဲတော်ကို ဖျက်သိမ်းတာ၊ ဒါမှမဟုတ် ထပ်မံရွှေ့ဆိုင်းတာ လုပ်လိုတယ်လို့ ဆန္ဒပြုကြပါတယ်။

ပြီးခဲ့တဲ့ မတ်လမှာ နိုင်ငံတကာ အိုလံပစ် ကော်မတီနဲ့ ဂျပန်အိုလံပစ် ကော်မတီတို့က ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ၂၀၂၀ တိုကျိုအားကစားပွဲကို ၂၀၂၁ အထိ ရွှေ့ဆိုင်းထားဖို့ ကြေညာခဲ့ပါတယ်။ အိုလံပစ် အားကစားပွဲကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်ကနေ သြဂုတ်လ ၈ ရက်အတွင်း ကျင်းပဖို့ သတ်မှတ်ခဲ့တာပါ။

NHK သတင်းဌာနရဲ့ စစ်တမ်းကောက်ယူချက်အရ ဂျပန်ပြည်သူ ၃၁ ရာခိုင်နှုန်းက အိုလံပစ်ပွဲတော်ကို လုံးဝ ဖျက်သိမ်းစေလိုတဲ့ဆန္ဒ ရှိပါတယ်။ တခြား ၃၅ ရာခိုင်နှုန်းကတော့ နောက်ကာလတစ်ခု ရွှေ့ဆိုင်းစေလိုကြပါတယ်။ ၂၆ ရာခိုင်နှုန်းကသာ နွေရာသီ အိုလံပစ်ပွဲတော်ကို သတ်မှတ်တဲ့အတိုင်း ဆက်လက် ကျင်းပစေလိုကြောင်း ဆန္ဒပြုပါတယ်။

စစ်တမ်းကို ဇူလိုင်လ ၁၇ ရက်နေ ၂၀ ရက်နေ့အထိ ဂျပန်နိုင်ငံသား ၁၂၉၈ ဦးထံ ကျဘမ်းဖုန်းဆက်ပြီး သဘောထား မေးမြန်းကောက်ယူခဲ့တာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)