ယူကရိန်းသမ္မတ ညှိနှိုင်းမှုကြောင့် ဘတ်စ်ကားထဲက ပြန်ပေးဆွဲခံရသူတွေ ပြန်လည် လွတ်မြောက်

0
117

ယူကရိန်းနိုင်ငံ အနောက်ပိုင်း လူတက်စ်မြို့မှာ ခရီးသည်တင် ဘတ်စ်ကားတစ်စီး ပြန်ပေးဆွဲရခံရပြီးနောက် ပြန်ပေးဆွဲသူနဲ့ ယူကရိန်းသမ္မတတို့ ဆွေးနွေးကာ သဘောတူညီချက် ရပြီးနောက် ဘတ်စ်ကားပေါ်ကလူတွေ အန္တရာယ်ကင်းစွာ လွတ်မြောက်သွားပါတယ်။

ဘတ်စ်ကားပေါ်က ခရီးသည်တွေကို ဇူလိုင်လ ၂၁ ရက်နေ့မှာ သေနတ်သမားတစ်ဦးက ပြန်ပေးဆွဲခဲ့တာပါ။ ပြန်ပေးဆွဲသူဟာ အသက် ၄၄ နှစ်အရွယ် မက်စ်ဆီယမ် ကာရီဗို့ရှ်ဆိုသူ ဖြစ်ပါတယ်။ ကာရီဗို့ရှ်ဟာ သေနတ်ပစ်ဖောက်ခဲ့ပြီး ဗုံးနဲ့ပစ်ခဲ့ပေမယ့် ပေါက်ကွဲခြင်း မရှိခဲ့ပါဘူး။

အကြမ်းဖက် တန်ပြန်ရေးအဖွဲ့က ဘတ်စ်ကားကို ဝိုင်းထားခဲ့ပြီး သမ္မတ ဇယ်လင်စကီက ပြန်ပေးဆွဲသူကို ဖျောင်းဖြကာ ဓားစာခံ သုံးဦးကို ပထမဆုံး လွှတ်စေခဲ့ပါတယ်။

သမ္မတ ဇယ်လင်စကီဟာ လူမှုမီဒီယာမှာ ပို့စ်တစ်ခု တင်ခဲ့ပြီး လူတိုင်း ၂၀၀၅ ခုနှစ်ရုပ်ရှင် Earthlings ရုပ်ရှင်ကို ကြည့်သင့်တယ်လို့ ရေးခဲ့ပါတယ်။ Eatrhlings ဆိုတာ အမေရိကန် မှတ်တမ်းရုပ်ရှင်ဖြစ်ပြီး လူသားတွေဟာ စီးပွားရေးအတွက် တရိစ္ဆာန်တွေကို မှီခိုနေရတဲ့အကြောင်း ဖြစ်ပါတယ်။

ကာရီဗို့ရှ်ရဲ့ တောင်းဆိုချက်တွေထဲက တစ်ခုဟာ ဝါရင့်နိုင်ငံရေးသမားတွေဟာ သူတို့ အကြမ်းသမားတွေဖြစ်ကြောင်း လူသိရှင်ကြား ပြောဆိုဖို့ ဖြစ်ပါတယ်။

သမ္မတ ဗီဒီယိုကိုတင်ပြီးနောက် လုံခြုံရေးတပ်ဖွဲ့တွေက ကာရီဗို့ရှ်ကို ဖမ်းဆီးခဲ့ပြီး ကျန် ဓားစာခံ ၁၀ ဦးကို လွတ်မြောက်စေခဲ့ပါတယ်။ ပြန်ပေးသမားထံကနေ လက်နက်နဲ့ လက်ပစ်ဗုံးတွေ သိမ်းဆည်းတယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက ကြေညာပါတယ်။

ဓားစာခံတွေ လွတ်မြောက်ရေး တောက်လျှောက်ကြိုးစားသူတွေကို ကျေးဇူးတင်ကြောင်း၊ လူ့အသက်ဟာ အရေးအကြီးဆုံးတန်ဖိုးဖြစ်ကြောင်းနဲ့ တစ်ဦးမှ ထိခိုက်ဆုံးရှုံးမှု မရှိကြောင်း သမ္မတ ဇယ်လင်စကီက Twitter လူမှုမီဒီယာမှာ ရေးခဲ့ပါတယ်။

ပွနျလှတျလာသူတှကေို ဆရာဝနျတှနေဲ့ ဆေးစဈတာ၊ အစားအစာနဲ့ ရပေေးတာ၊ ဆှမြေိုးတှနေဲ့ အဆကျအသှယျ လုပျပေးတာတှေ လုပျဆောငျထားပါတယျ။

_________________

ပြန်လွတ်လာသူတွေကို ဆရာဝန်တွေနဲ့ ဆေးစစ်တာ၊ အစားအစာနဲ့ ရေပေးတာ၊ ဆွေမျိုးတွေနဲ့ အဆက်အသွယ် လုပ်ပေးတာတွေ လုပ်ဆောင်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)