တရုတ်မှာ ရေကာတာ ကျိုးပေါက်လို့ လူ သောင်းနဲ့ချီ ကယ်ဆယ်ပြောင်းရွှေ့ရ

0
179

တရုတ်နိုင်ငံမှာ မြေပြိုပြီး မြစ်ပိတ်ဆို့ကာ ရေကာတာ ကျိုးပေါက်လို့ အနီးနား ကျေးရွာတွေကို ခြိမ်းခြောက်နေတာကြောင့် သောင်းနဲ့ချီတဲ့ လူတွေကို ဘေးလွတ်ရာ ကယ်ဆယ်ရွှေ့ပြောင်းထားရပါတယ်။

ဟူပေးပြည်နယ်၊ အန်ရှီမြို့အနီးရှိ ယန်စီမြစ်ရဲ့ မြစ်လက်တက်ထဲကို ဇူလိုင်လ ၂၁ ရက်နေ့က ၁ ဒသမ ၅ ကုဗမီတာရှိ မြေသားပြိုဆင်းခဲ့တာဖြစ်တယ်လို့ ဆင်ဟွာ သတင်းဌာနက ဖော်ပြပါတယ်။ တရုတ်နိုင်ငံ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းမှာ ရေကြီးရေလျှံမှုကြောင့် လူ ၁၄၀ ခန့် သေဆုံး ဒါမှမဟုတ် ပျောက်ဆုံးနေပါတယ်။

တရုတ်အမျိုးသား မိုးလေဝသဌာနကတော့ ဇူလိုင်လ ၂၂ ရက်နေ့မှာ ရှန်ဒုန်း၊ ဟေနန်၊ ကျန်ဆု၊ ရှန်ရှီ၊ ချုံကင်း၊ စီချွမ်၊ ယူနန်နဲ့ တိဘက်ဒေသတို့မှာ မိုးမုန်တိုင်းကျပြီး ရေကြီးနိုင်လို့ အဝါရောင်အဆင့် သတ်မှတ်ထားပါတယ်။ ယန်စီမြစ်နဲ့ နီးကပ်နေတဲ့ အန်ဟွီနဲ့ ကျန်ရှီပြည်နယ်ဒေသတွေမှာတော့ အနီရောင်အဆင့် ကြေညာထားပါတယ်။

ယန်စီမြစ်ရေနဲ့ ဆက်စက်နေတဲ့အိုင်တေါမှာ ရေမျက်နှာပြင် ဆက်လက်မြင့်တက်လိမ့်မယ်လို့ တရုတ် ရေအရင်းမြစ် ဝန်ကြီးဌာနက သတိပေးထားပါတယ်။

Three Gorges ရကောတာကိုလညြး အနီးကပြ စောင့ကြှည့နြကှေောငြး၊ အခု အစိုးရက သတိပေးထားတာထကြ ရမေီတာဟာ ၁၆ မီတာ ပိုမှင့တြကနြကှေောငြး တာဝနရြှိသူတှကေ ပှောပါတယြ။

___________________

___________________

တရုတျမှာ ရကောတာ ကြိုးပေါကျလို့ လူ သောငျးနဲ့ခြီ ကယျဆယျပွောငျးရှှေ့ရ

တရုတ်နိုင်ငံမှာ မြေပြိုပြီး မြစ်ပိတ်ဆို့ကာ ရေကာတာ ကျိုးပေါက်လို့ အနီးနား ကျေးရွာတွေကို ခြိမ်းခြောက်နေတာကြောင့် သောင်းနဲ့ချီတဲ့ လူတွေကို ဘေးလွတ်ရာ ကယ်ဆယ်ရွှေ့ပြောင်းထားရပါတယ်။

ဟူပေးပြည်နယ်၊ အန်ရှီမြို့အနီးရှိ ယန်စီမြစ်ရဲ့ မြစ်လက်တက်ထဲကို ဇူလိုင်လ ၂၁ ရက်နေ့က ၁ ဒသမ ၅ ကုဗမီတာရှိ မြေသားပြိုဆင်းခဲ့တာဖြစ်တယ်လို့ ဆင်ဟွာ သတင်းဌာနက ဖော်ပြပါတယ်။ တရုတ်နိုင်ငံ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းမှာ ရေကြီးရေလျှံမှုကြောင့် လူ ၁၄၀ ခန့် သေဆုံး ဒါမှမဟုတ် ပျောက်ဆုံးနေပါတယ်။

တရုတ်အမျိုးသား မိုးလေဝသဌာနကတော့ ဇူလိုင်လ ၂၂ ရက်နေ့မှာ ရှန်ဒုန်း၊ ဟေနန်၊ ကျန်ဆု၊ ရှန်ရှီ၊ ချုံကင်း၊ စီချွမ်၊ ယူနန်နဲ့ တိဘက်ဒေသတို့မှာ မိုးမုန်တိုင်းကျပြီး ရေကြီးနိုင်လို့ အဝါရောင်အဆင့် သတ်မှတ်ထားပါတယ်။ ယန်စီမြစ်နဲ့ နီးကပ်နေတဲ့ အန်ဟွီနဲ့ ကျန်ရှီပြည်နယ်ဒေသတွေမှာတော့ အနီရောင်အဆင့် ကြေညာထားပါတယ်။

ယန်စီမြစ်ရေနဲ့ ဆက်စက်နေတဲ့အိုင်တေါမှာ ရေမျက်နှာပြင် ဆက်လက်မြင့်တက်လိမ့်မယ်လို့ တရုတ် ရေအရင်းမြစ် ဝန်ကြီးဌာနက သတိပေးထားပါတယ်။

Three Gorges ရေကာတာကိုလည်း အနီးကပ် စောင့်ကြည့်နေကြောင်း၊ အခု အစိုးရက သတိပေးထားတာထက် ရေမီတာဟာ ၁၆ မီတာ ပိုမြင့်တက်နေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)