အမေရိကန် ပြည်နယ် ၃၁ ခုက လာသူတွေ NY, NJ နဲ့ CT ကို ရောက်ရင် quarantine ဝင်ရမယ်

0
127

COVID-19 ရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်နေတဲ့အတွက် အမေရိကန် ပြည်ထောင်စု ပြည်နယ် ၃၁ ခုကနေ နယူးယောက်၊ နယူးဂျာစီနဲ့ ကွန်နက်တိကတ်တို့ကို လာရောက်မယ်ဆိုရင် quarantine ၁၄ ရက် ဝင်ရမှာဖြစ်ပါတယ်။

နယူးယောက် ပြည်နယ် အုပ်ချုပ်ရေးမှူး အင်ဒရူး ကိုမိုက quarantine ဟာ ပြီးပြည်စုံတာ မဟုတ်ပေမယ့် ကပ်ရောဂါ ကူးစက်မှု အန္တရာယ်ကိုတော့ ကာကွယ်နိုင်လိမ့်မယ်လို့ ပြောပါတယ်။ ပြည်နယ် ၃၁ ခုထဲမှာ အလက်စကာ၊ ဒယ်လာဝဲယား၊ အင်ဒီယားနား၊ မေရီလန်း၊ မစ်ဆိုရီ၊ မွန်တားနား၊ မြောက် ဒါကိုတာ၊ နီဘရာစကာ၊ ဗာဂျီးနီးယားနဲ့ ဝါရှင်တန်တို့ ပါဝင်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ နိုင်ငံတစ်ဝန်း ပိုဆိုးလာပြီး ကောင်းလာတာ မရှိကြောင်း မစ္စတာ ကိုမိုက ဇူလိုင်လ ၂၁ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ လေဆိပ်မှာ ဖောင်မဖြည့်ဘဲ သွားတဲ့ ခရီးသွားတွေကိုလည်း ဒဏ်ငွေ ၂ ထောင်ရိုက်ဖို့ မစ္စတာ ကိုမိုက ပြောပါတယ်။ အဲဒီ ခရီးသွားဖောင်ကို အခြေခံပြီး ခရီးသွားတွေရဲ့ ရာဇဝင်ကို စစ်ဆေးနိုင်မှာပါ။

အမရေိကနမြှာ ကိုရိုနာဗိုငြးရပဈြ ကူးစကသြူ ၃ ဒသမ ၉ သနြးကွောြ၊ ရောဂါကနေ ပှနလြညသြကသြာလာသူ ၁ ဒသမ ၁၃ သနြးကွောနြဲ့ သဆေုံးသူ ၁ သိနြး ၄ သောငြးကွောြ ရှိနပေါတယြ။

__________________

__________________

အမရေိကနျ ပွညျနယျ ၃၁ ခုက လာသူတှေ NY, NJ နဲ့ CT ကို ရောကျရငျ quarantine ဝငျရမယျ

COVID-19 ရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်နေတဲ့အတွက် အမေရိကန် ပြည်ထောင်စု ပြည်နယ် ၃၁ ခုကနေ နယူးယောက်၊ နယူးဂျာစီနဲ့ ကွန်နက်တိကတ်တို့ကို လာရောက်မယ်ဆိုရင် quarantine ၁၄ ရက် ဝင်ရမှာဖြစ်ပါတယ်။

နယူးယောက် ပြည်နယ် အုပ်ချုပ်ရေးမှူး အင်ဒရူး ကိုမိုက quarantine ဟာ ပြီးပြည်စုံတာ မဟုတ်ပေမယ့် ကပ်ရောဂါ ကူးစက်မှု အန္တရာယ်ကိုတော့ ကာကွယ်နိုင်လိမ့်မယ်လို့ ပြောပါတယ်။ ပြည်နယ် ၃၁ ခုထဲမှာ အလက်စကာ၊ ဒယ်လာဝဲယား၊ အင်ဒီယားနား၊ မေရီလန်း၊ မစ်ဆိုရီ၊ မွန်တားနား၊ မြောက် ဒါကိုတာ၊ နီဘရာစကာ၊ ဗာဂျီးနီးယားနဲ့ ဝါရှင်တန်တို့ ပါဝင်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ နိုင်ငံတစ်ဝန်း ပိုဆိုးလာပြီး ကောင်းလာတာ မရှိကြောင်း မစ္စတာ ကိုမိုက ဇူလိုင်လ ၂၁ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ လေဆိပ်မှာ ဖောင်မဖြည့်ဘဲ သွားတဲ့ ခရီးသွားတွေကိုလည်း ဒဏ်ငွေ ၂ ထောင်ရိုက်ဖို့ မစ္စတာ ကိုမိုက ပြောပါတယ်။ အဲဒီ ခရီးသွားဖောင်ကို အခြေခံပြီး ခရီးသွားတွေရဲ့ ရာဇဝင်ကို စစ်ဆေးနိုင်မှာပါ။

အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၃ ဒသမ ၉ သန်းကျော်၊ ရောဂါကနေ ပြန်လည်သက်သာလာသူ ၁ ဒသမ ၁၃ သန်းကျော်နဲ့ သေဆုံးသူ ၁ သိန်း ၄ သောင်းကျော် ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)