ဂျာမနီမှာ အဓိကရုဏ်းဖြစ်မှု လူ ၂၄ ဦးကို ဖမ်းဆီး၊ ရဲ ၁၉ ဦး ဒဏ်ရာရ

0
161

ဂျာမနီနိုင်ငံ၊ စတုဂတ်မြို့မှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ဖမ်းဆီးမှုတွေကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်လို့ လူ ၂၄ ဦး အဖမ်းခံရပြီး ရဲ ၁၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဇွန်လ ၂၀ ရက်နေ့က မူးယစ်ဆေးဝါးမှုနဲ့ ပတ်သက်ပြီး သံသယရှိသူတစ်ဦးကို ဖမ်းဆီးခဲ့ရာကနေ ရုန်းရင်းဆန်ခတ်မှုတွေ စတင်လာတာလို့ ဂျာမန်အစိုးရက ကြေညာပါတယ်။ ဘာဒင်-ဝါတင်ဘာ့ဂ်ပြည်နယ်၊ စတုဂတ်မြို့မှာ အဖမ်းခံရသူနဲ့ တသားတည်းရှိကြောင်း ပြသတဲ့အနေနဲ့ လူအုပ်က ရဲတွေကို ကျောက်ခဲတွေ၊ ပုလင်းတွေနဲ့ ပစ်ပေါက် တိုက်ခိုက်ခဲ့ကြပါတယ်။

အဓိကရုဏ်းအစပိုင်းမှာ ရဲတွေက ငရုတ်ရည်တွေ ပက်ဖြန်း လူစုခွဲနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ လူအုပ်က ရာနဲ့ချီ များလာပြီး ရဲနဲ့ ကယ်ဆယ်ရေးလုပ်သားတွေကိုပါ တိုက်ခိုက်ခဲ့တာပါ။ ဆူပူသောင်းကျန်းသူတွေဟာ အုပ်စုငယ်တွေ ကွဲသွားပြီး မြို့တွင်းမှာ ဖျက်ဆီးတာတွေ၊ စတိုးဆိုင်တွေကို လုယက်တာတွေ လုပ်ခဲ့ကြလို့ ဖက်ဒရယ် ရဲတပ်ဖွဲ့ကို စစ်ကူပေးဖို့နဲ့ ရဲရဟတ်ယာဉ်နဲ့ မြို့ထဲမှာ လှည့်လည်ဖို့ အကူအညီတောင်းခဲ့ရပါတယ်။

စတိုးဆိုငြ ၃၀ ဖကွဆြီးခံရပှီး ဆိုငြ ရှဈဆိုငြ လုယကခြံရကာ ရဲကငြးကား ၁၂ စီး ဖကွဆြီးခံခဲ့ရပါတယြ။ ကငြးလှည့ြ ရဲကားတှကေို ဖကွဆြီးတာ၊ ပှတငြးပေါကတြှကေို ဖကွဆြီးတာတှလေုပတြဲ့ ဗီဒီယိုဖိုငတြှလညြေး အှနလြိုငြးမှာ တကနြပေါတယြ။
ဇှနလြ ၂၁ ရကမြှာ ရဲတပဖြှဲ့ဝငြ ၃၀၀ ကို တဈညလုံး တပခြထွားပှီးနောကြ အခှအနေဟော မနကြ ၄ နာရီခှဲမှာ တညငြှိမလြာပှီလို့ ရဲတပဖြှဲ့က ပှောပါတယြ။

____________________

____________________

ဂြာမနီမှာ အဓိကရုဏျးဖွဈမှု လူ ၂၄ ဦးကို ဖမျးဆီး၊ ရဲ ၁၉ ဦး ဒဏျရာရ  

ဂျာမနီနိုင်ငံ၊ စတုဂတ်မြို့မှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ဖမ်းဆီးမှုတွေကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်လို့ လူ ၂၄ ဦး အဖမ်းခံရပြီး ရဲ ၁၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဇွန်လ ၂၀ ရက်နေ့က မူးယစ်ဆေးဝါးမှုနဲ့ ပတ်သက်ပြီး သံသယရှိသူတစ်ဦးကို ဖမ်းဆီးခဲ့ရာကနေ ရုန်းရင်းဆန်ခတ်မှုတွေ စတင်လာတာလို့ ဂျာမန်အစိုးရက ကြေညာပါတယ်။ ဘာဒင်-ဝါတင်ဘာ့ဂ်ပြည်နယ်၊ စတုဂတ်မြို့မှာ အဖမ်းခံရသူနဲ့ တသားတည်းရှိကြောင်း ပြသတဲ့အနေနဲ့ လူအုပ်က ရဲတွေကို ကျောက်ခဲတွေ၊ ပုလင်းတွေနဲ့ ပစ်ပေါက် တိုက်ခိုက်ခဲ့ကြပါတယ်။ 

အဓိကရုဏ်းအစပိုင်းမှာ ရဲတွေက ငရုတ်ရည်တွေ ပက်ဖြန်း လူစုခွဲနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ လူအုပ်က ရာနဲ့ချီ များလာပြီး ရဲနဲ့ ကယ်ဆယ်ရေးလုပ်သားတွေကိုပါ တိုက်ခိုက်ခဲ့တာပါ။ ဆူပူသောင်းကျန်းသူတွေဟာ အုပ်စုငယ်တွေ ကွဲသွားပြီး မြို့တွင်းမှာ ဖျက်ဆီးတာတွေ၊ စတိုးဆိုင်တွေကို လုယက်တာတွေ လုပ်ခဲ့ကြလို့ ဖက်ဒရယ် ရဲတပ်ဖွဲ့ကို စစ်ကူပေးဖို့နဲ့ ရဲရဟတ်ယာဉ်နဲ့ မြို့ထဲမှာ လှည့်လည်ဖို့ အကူအညီတောင်းခဲ့ရပါတယ်။

စတိုးဆိုင် ၃၀ ဖျက်ဆီးခံရပြီး ဆိုင် ရှစ်ဆိုင် လုယက်ခံရကာ ရဲကင်းကား ၁၂ စီး ဖျက်ဆီးခံခဲ့ရပါတယ်။ ကင်းလှည့် ရဲကားတွေကို ဖျက်ဆီးတာ၊ ပြတင်းပေါက်တွေကို ဖျက်ဆီးတာတွေလုပ်တဲ့ ဗီဒီယိုဖိုင်တွေလည်း အွန်လိုင်းမှာ တက်နေပါတယ်။

ဇွန်လ ၂၁ ရက်မှာ ရဲတပ်ဖွဲ့ဝင် ၃၀၀ ကို တစ်ညလုံး တပ်ချထားပြီးနောက် အခြေအနေဟာ မနက် ၄ နာရီခွဲမှာ တည်ငြိမ်လာပြီလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)