သမ္မထရမ့် မဲဆွယ်ပွဲကို မျှော်မှန်းထားသလောက် လူတွေ မတက်ရောက်ခဲ့

0
121

COVID-19 ကပ်ရောဂါကြောင့် သုံးလကြာ ရပ်နားထားတဲ့ မဲဆွယ်ပွဲကို သမ္မတ ဒေါ်နယ် ထရမ့်က ပြန်စခဲ့ပေမယ့် မျှော်မှန်းထားတဲ့ လူတွေထက် အတော်နည်းတဲ့ ပရိသတ်သာ တက်ရောက်ခဲ့ကြပါတယ်။

မစ္စတာ ထရမ့်နဲ့ သူ့အဖွဲ့ကတော့ အိုကလာဟိုးမားပြည်နယ်၊ တူလ်ဆာမှာ ကျင်းပမယ့် မဲဆွယ် ဟောပြောပွဲကို လူ ၁ သန်းလောက် တက်ရောက်လိမ့်မယ်လို့ အစောပိုင်းက ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် မဲဆွယ်ဟောပြောပွဲ ကျင်းပတဲ့ ဇွန်လ ၂၀ ရက်နေ့ ညမှာတော့ လူ ၆၂၀၀ လောက်ပဲ တက်ရောက်တယ်လို့ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။ တချို့သတင်းဌာနတွေကလည်း ဝင်ပေါက်ကို ဖြတ်သန်းသူ ၁၂၀၀၀ လောက် ရှိတယ်လို့လည်း ဖော်ပြကြပါတယ်။

ခန်းမထဲ မဝင်နိုင်သူတွေကို ထွက်စကားပြောဖို့လည်း သမ္မတ ထရမ့်အတွက် စီစဉ်ထားပေမယ့် အဲဒီအစီအစဉ်ကို ဖျက်လိုက်ရပါတယ်။
မဲဆွယ်ပွဲ တက်ရောက်သူတွေ ပဋိပက္ခဖြစ်မှာ၊ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှာတွေကို အစွန်းရောက်တဲ့ ဆန္ဒပြသမားတွေနဲ့ မီဒီယာတွေက ခြောက်လှန့်လို့ မဲဆွယ်ပွဲ အခုလို ဖြစ်ရတယ်လို့ ထရမ့်ရဲ့ မဲဆွယ်ရေးအဖွဲ့က အပြစ်တင်ထားပါတယ်။ ဒါပေမယ့် လာရောက် ဆန္ဒပြသူကတော့ အနည်းငယ်သာ ရှိပါတယ်။

သမ္မတ ထရမ့်ဟာ ပရိသတ်ကို ၂ နာရီကြာအောင် မိန့်ခွန်း ပြောခဲ့ပြီး အမေရိကန်နိုင်ငံမှာ လူပေါင်း ၁ သိန်း ၂ သောင်းခန့် သေဆုံးရပြီး ၂ ဒသမ ၂ သန်းကျော် အကူးစက်ခံနေရတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုကို “Kung Flu” လို့ လှောင်ပြောခေါ်ဝေါ်ပြီး တရုတ်ကို အပြစ်တင်ခဲ့ပါတယ်။

သမျမတ ထရမ့ြ မဲဆှယပြှဲကို ပရိသတတြှေ မတကကြှတာဟာ TikTok မှာ ဖှန့ဝြနကှေတေဲ့ ဗီဒီယို တဈခုကှောင့လြို့လညြး ခန့မြှနြးကှတာ ရှိပါတယြ။ အဲဒီ ဗီဒီယိုထဲမှာ မဲဆှယပြှဲ မတကဖြို့နဲ့ ထိုငခြုံလှတတြှကေ မဈစတာ ထရမ့အြတှကြ ကှည့ရြဆိုးစမယြေ စသဖှင့ြ နောကပြှောငထြားပါတယြ။

__________________

__________________

သမ်မထရမျ့ မဲဆှယျပှဲကို မြှောျမှနျးထားသလောကျ လူတှေ မတကျရောကျခဲ့

COVID-19 ကပ်ရောဂါကြောင့် သုံးလကြာ ရပ်နားထားတဲ့ မဲဆွယ်ပွဲကို သမ္မတ ဒေါ်နယ် ထရမ့်က ပြန်စခဲ့ပေမယ့် မျှော်မှန်းထားတဲ့ လူတွေထက် အတော်နည်းတဲ့ ပရိသတ်သာ တက်ရောက်ခဲ့ကြပါတယ်။

မစ္စတာ ထရမ့်နဲ့ သူ့အဖွဲ့ကတော့ အိုကလာဟိုးမားပြည်နယ်၊ တူလ်ဆာမှာ ကျင်းပမယ့် မဲဆွယ် ဟောပြောပွဲကို လူ ၁ သန်းလောက် တက်ရောက်လိမ့်မယ်လို့ အစောပိုင်းက ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် မဲဆွယ်ဟောပြောပွဲ ကျင်းပတဲ့ ဇွန်လ ၂၀ ရက်နေ့ ညမှာတော့ လူ ၆၂၀၀ လောက်ပဲ တက်ရောက်တယ်လို့ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။ တချို့သတင်းဌာနတွေကလည်း ဝင်ပေါက်ကို ဖြတ်သန်းသူ ၁၂၀၀၀ လောက် ရှိတယ်လို့လည်း ဖော်ပြကြပါတယ်။ 

ခန်းမထဲ မဝင်နိုင်သူတွေကို ထွက်စကားပြောဖို့လည်း သမ္မတ ထရမ့်အတွက် စီစဉ်ထားပေမယ့် အဲဒီအစီအစဉ်ကို ဖျက်လိုက်ရပါတယ်။

မဲဆွယ်ပွဲ တက်ရောက်သူတွေ ပဋိပက္ခဖြစ်မှာ၊ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှာတွေကို အစွန်းရောက်တဲ့ ဆန္ဒပြသမားတွေနဲ့ မီဒီယာတွေက ခြောက်လှန့်လို့ မဲဆွယ်ပွဲ အခုလို ဖြစ်ရတယ်လို့ ထရမ့်ရဲ့ မဲဆွယ်ရေးအဖွဲ့က အပြစ်တင်ထားပါတယ်။ ဒါပေမယ့် လာရောက် ဆန္ဒပြသူကတော့ အနည်းငယ်သာ ရှိပါတယ်။

သမ္မတ ထရမ့်ဟာ ပရိသတ်ကို ၂ နာရီကြာအောင် မိန့်ခွန်း ပြောခဲ့ပြီး အမေရိကန်နိုင်ငံမှာ လူပေါင်း ၁ သိန်း ၂ သောင်းခန့် သေဆုံးရပြီး ၂ ဒသမ ၂ သန်းကျော် အကူးစက်ခံနေရတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုကို “Kung Flu” လို့ လှောင်ပြောခေါ်ဝေါ်ပြီး တရုတ်ကို အပြစ်တင်ခဲ့ပါတယ်။

သမ္မတ ထရမ့် မဲဆွယ်ပွဲကို ပရိသတ်တွေ မတက်ကြတာဟာ TikTok မှာ ဖြန့်ဝေနေကြတဲ့ ဗီဒီယို တစ်ခုကြောင့်လို့လည်း ခန့်မှန်းကြတာ ရှိပါတယ်။ အဲဒီ ဗီဒီယိုထဲမှာ မဲဆွယ်ပွဲ မတက်ဖို့နဲ့ ထိုင်ခုံလွတ်တွေက မစ္စတာ ထရမ့်အတွက် ကြည့်ရဆိုးစေမယ် စသဖြင့် နောက်ပြောင်ထားပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)