ဒေလီရှိ ဇိမ်ခံဟိုတယ် ၂၅ လုံးကို COVID-19 ကုသေရေး စင်တာအဖြစ် ပြောင်းလဲမယ်

0
162

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ ဇိမ်ခံဟိုတယ်တွေရဲ့ ဝန်ထမ်းတွေကတော့ ဧည့်သည်တွေကို ကြိုဆိုနေမှာ ဖြစ်ပေမယ့် အစဉ်အလာအတိုင်း ပန်းကုံးတွေနဲ့ မဟုတ်ဘဲ ဆေးရုံသုံး ဝတ်စုံတွေနဲ့ ကြိုနေမှာပါ။

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် ဆေးရုံတွေ မလုံလောက်တဲ့ ပြဿနာကို ကြုံတွေ့ပြီးနောက် ဒေလီ အစိုးရက ဟိုတယ်တွေကို အကူအညီ တောင်းခံခဲ့ပါတယ်။ အခု သီတင်းပတ်ကစလုံ့ ဇိမ်ခံဟိုတယ် ၂၅ လုံးကို COVID-19 ရောဂါ လက္ခဏာပြတဲ့ လူနာတွေကို ကုသပေမယ့် အရေးပေါ် စင်တာတွေအဖြစ် ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။

ဟိုတယ် ဝန်ထမ်းတွေကိုလည်း လိုအပ်ချက်အရ စီမံခန့်ခွဲရေးအတွက် လေ့ကျင့် သင်ကြားပေးနေပါတယ်။ တချို့ ဟိုတယ်ဝန်ထမ်းတွေကလည်း မတူတဲ့ လုပ်ငန်းမှာ ဝင်ရောက်လုပ်ဆောင်ရေး ငြင်းဆန်ဖို့ ခက်နေကြောင်း ပြောကြပါတယ်။ တချို့ဝန်ထမ်းတွေကလည်း ဟိုတယ်လုပ်ငန်း ကျွမ်းကျင်မှုကို ဆေးရုံကုသရေးမှာ ဝန်ဆောင်မှုပေးရေး ပြောင်းလဲဖို့ စိုးရိမ်ပူပန်နေကြပါတယ်။

ဆူရ်ယာဟိုတယ်မှာ ဝန်ထမ်း ၇၅ ဦးကို သင်တန်းပေးနေတဲ့ ဟိုတယ် အထောက်အကူပြု ဝန်ထမ်းလေ့ကျင့်ရေးဆရာ ကန်နူ ရှာမာက ဟိုတယ် ဝန်ထမ်းတွေဟာ သူတို့ လုံခြုံရေးအတွက် ကြောက်လန့်နေကြပြီး သူတို့မိသားစုတွေဆီ ကူးစက်မှာကိုလည်း ထိတ်လန့်နေကြောင်း၊ နောက်ပြီး ဆေးရုံဆိုင်ရာ တင်းကျပ်တဲ့ သန့်ရှင်းမှုနဲ့ ဇီဝဆေးပစ္စည်း စွန့်ပစ်မှုတွေကို ဘယ်လို ရင်ဆိုင်မလဲဆိုတာကိုလည်း စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။

ဒါကြောင့်သူက ဟိုတယ် ဝန်ထမ်းတွေကို သူတို့အနားမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေ ရှိနေမှာဖြစ်လို့ PPE ဝတ်စုံဝတ်ဖို့ ခက်ခဲတဲ့အခါ၊ စွန့်ပစ်ပစ္စည်းတွေကို အမျိုးအစား မခွဲတတ်တဲ့အခါ အကူအညီရမှာဖြစ်တယ်လို့ ပြောပြီး ဝန်ထမ်းသင်တန်းသားတွေရဲ့ စိုးရိမ်ထိတ်လန့်မှုကို ဖြေလျှော့ပေးနေရပါတယ်။

အိနျဒိယနိုငငြံမှာ ဒီနေ့ ဇှနလြ ၂၂ ရကြ မနကပြိုငြးအထိ COVID-19 ရောဂါ ကူးစကသြူ ၄၁၀၀၀၀ ကွောြ၊ သဆေုံးသူ ၁၃၂၅၄ ဦးနဲ့ ရောဂါကနေ ပှနလြညသြကသြာလာသူ ၂၂၈၀၀၀ ကွောြ ရှိပါတယြ။

__________________

__________________

ဒလေီရှိ ဇိမျခံဟိုတယျ ၂၅ လုံးကို COVID-19 ကုသရေေး စငျတာအဖွဈ ပွောငျးလဲမယျ

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ ဇိမ်ခံဟိုတယ်တွေရဲ့ ဝန်ထမ်းတွေကတော့ ဧည့်သည်တွေကို ကြိုဆိုနေမှာ ဖြစ်ပေမယ့် အစဉ်အလာအတိုင်း ပန်းကုံးတွေနဲ့ မဟုတ်ဘဲ ဆေးရုံသုံး ဝတ်စုံတွေနဲ့ ကြိုနေမှာပါ။

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် ဆေးရုံတွေ မလုံလောက်တဲ့ ပြဿနာကို ကြုံတွေ့ပြီးနောက် ဒေလီ အစိုးရက ဟိုတယ်တွေကို အကူအညီ တောင်းခံခဲ့ပါတယ်။ အခု သီတင်းပတ်ကစလုံ့ ဇိမ်ခံဟိုတယ် ၂၅ လုံးကို COVID-19 ရောဂါ လက္ခဏာပြတဲ့ လူနာတွေကို ကုသပေမယ့် အရေးပေါ် စင်တာတွေအဖြစ် ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။

ဟိုတယ် ဝန်ထမ်းတွေကိုလည်း လိုအပ်ချက်အရ စီမံခန့်ခွဲရေးအတွက် လေ့ကျင့် သင်ကြားပေးနေပါတယ်။ တချို့ ဟိုတယ်ဝန်ထမ်းတွေကလည်း မတူတဲ့ လုပ်ငန်းမှာ ဝင်ရောက်လုပ်ဆောင်ရေး ငြင်းဆန်ဖို့ ခက်နေကြောင်း ပြောကြပါတယ်။ တချို့ဝန်ထမ်းတွေကလည်း ဟိုတယ်လုပ်ငန်း ကျွမ်းကျင်မှုကို ဆေးရုံကုသရေးမှာ ဝန်ဆောင်မှုပေးရေး ပြောင်းလဲဖို့ စိုးရိမ်ပူပန်နေကြပါတယ်။

ဆူရ်ယာဟိုတယ်မှာ ဝန်ထမ်း ၇၅ ဦးကို သင်တန်းပေးနေတဲ့ ဟိုတယ် အထောက်အကူပြု ဝန်ထမ်းလေ့ကျင့်ရေးဆရာ ကန်နူ ရှာမာက ဟိုတယ် ဝန်ထမ်းတွေဟာ သူတို့ လုံခြုံရေးအတွက် ကြောက်လန့်နေကြပြီး သူတို့မိသားစုတွေဆီ ကူးစက်မှာကိုလည်း ထိတ်လန့်နေကြောင်း၊ နောက်ပြီး ဆေးရုံဆိုင်ရာ တင်းကျပ်တဲ့ သန့်ရှင်းမှုနဲ့ ဇီဝဆေးပစ္စည်း စွန့်ပစ်မှုတွေကို ဘယ်လို ရင်ဆိုင်မလဲဆိုတာကိုလည်း စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။

ဒါကြောင့်သူက ဟိုတယ် ဝန်ထမ်းတွေကို သူတို့အနားမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေ ရှိနေမှာဖြစ်လို့ PPE ဝတ်စုံဝတ်ဖို့ ခက်ခဲတဲ့အခါ၊ စွန့်ပစ်ပစ္စည်းတွေကို အမျိုးအစား မခွဲတတ်တဲ့အခါ အကူအညီရမှာဖြစ်တယ်လို့ ပြောပြီး ဝန်ထမ်းသင်တန်းသားတွေရဲ့ စိုးရိမ်ထိတ်လန့်မှုကို ဖြေလျှော့ပေးနေရပါတယ်။   

အိန္ဒိယနိုင်ငံမှာ ဒီနေ့ ဇွန်လ ၂၂ ရက် မနက်ပိုင်းအထိ COVID-19 ရောဂါ ကူးစက်သူ ၄၁၀၀၀၀ ကျော်၊ သေဆုံးသူ ၁၃၂၅၄ ဦးနဲ့ ရောဂါကနေ ပြန်လည်သက်သာလာသူ ၂၂၈၀၀၀ ကျော် ရှိပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)