ဆော်ဒီ ဂျာနယ်လစ် ခါရှော့ဂီအား သတ်သွားသူတွေကို ခွင့်လွှတ်တယ်လို့ မိသားစုဝင်တွေ ပြော

0
222

ဆော်ဒီ ဂျာနယ်လစ် ဂျမယ် ခါရှော့ဂီအား သတ်သွားသူတွေကို ခွင့်လွှတ်တယ်လို့ ခါရှော့ဂီရဲ့ မိသားစုဝင်တွေက ထုတ်ပြန်ချက်တစ်ရပ် ထုတ်လိုက်ပါတယ်။ ဒါပေမယ့် လေ့လာသူတွေကတော့ အခုလို ပြေငြိမ်းလိုက်တာဟာ နိုင်ငံရေးတွန်းအား ပါမယ်လို့ သုံးသပ်ကြပါတယ်။

ဝါရှင်တန် ပို့စ် သတင်းစာအတွက် အမေရိကန်မှာ အခြေစိုက်ပြီး ဆောင်းပါးတွေရေးသားနေတဲ့ မစ္စတာ ခါရှော့ဂီဟာ တူရကီနိုင်ငံ၊ အစ္စတန်ဘူရှိ ကောင်စစ်ဝန်ရုံးထဲမှာ ဆော်ဒီ လုပ်ကြံရေးသမားတွေရဲ့ သတ်ဖြတ်မှုကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှာ ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီနေ့ မေလ ၂၂ ရက်နေ့က Twitter လူမှုကွန်ရက်ကတစ်ဆင့် ထုတ်ပြန်ချက်မှာ ကာရှော့ဂီရဲ့သား ဆာလာက မွန်မြတ်တဲ့ ရာမာဒန်လ၊ မွန်မြတ်တဲ့ ညမှာ ဘုရားသခင်ရဲ့ မြွက်ကြားချက်ဖြစ်တဲ့ လူတစ်ဦးက ခွင့်လွှတ်ပြီး ပြေငြိမ်းစေ့စပ်မယ်ဆိုရင် အလ္လာအရှင်မြတ်ထံက ဆုလာဘ်တော်ကို ရရှိမယ်ဆိုတဲ့ စကားကို သတိရကြောင်း ဖော်ပြထားပါတယ်။

ဒါကြောင့် အာဇာနည် ဂျမယ် ခါရှော့ဂီရဲ့ သားတွေက ဖခင်ကို သတ်ဖြတ်သွားသူအား ခွင့်လွှတ်တယ်လို့ ကြေညာကြေင်း၊ ကြီးမြတ်သော ဘုရားသခင်ထံက ဆုလာဘ်ကို မျှော်ကိုးကြောင်းလည်း ဖော်ပြထားပါတယ်။

___________________

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)