Facebook က ဝန်ထမ်း ၅၀ ရာခိုင်နှုန်းကို နေအိမ်ကနေပဲ အလုပ်လုပ်ခိုင်းဖို့ စဉ်းစားနေ

0
750

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ပြီးဆုံးသွားလည်း ဝန်ထမ်း ၅၀ ရာခိုင်နှုန်းကို အဝေးကနေပဲ အလုပ်လုပ်ခိုင်းဖို့ စဉ်းစားနေတယ်လို့ Facebook ကုမ္ပဏီက ပြောပါတယ်။

ကမ္ဘာ့အကြီးဆုံး လူမှုကွန်ရက်ဖြစ်တဲ့ Facebook ရဲ့ အမှုဆောင် အရာရှိချုပ် မာ့ခ် ဇက်ကာဘာ့ဂ်က လာမယ့် ၁၀ နှစ်အတွင်း Facebook ရုံး ပြင်ပမှာ လုပ်သားအင်အားတွေ ထားရှိမှာ ဖြစ်ပြီး ဝန်ထမ်းအင်အား ၅၀ ရာခိုင်နှုန်းအထိ အဝေးရောက် ငှားရမ်းခန့်ထားဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။

ဝန်ထမ်းတွေက နေထိုင်အသုံးစရိတ် နည်းတဲ့နေရာမှာ နေဖို့ ရွေးချယ်နိုင်ပြီး လစာကိုလည်း ညှိနှိုင်းပြီးပေးမှာ ဖြစ်ကြောင်း၊ စျေးကွက်အရ လစာကောင်းမှာ ဖြစ်ပေမယ့် နေရာအလိုက် သတ်မှတ်မှာ ဖြစ်ကြောင်း ဇက်ကာဘာ့ဂ်က ပြောပါတယ်။

Facebook ကုမ္ပဏီမှာ ဝန်ထမ်း ၅ သောင်းခန့် ရှိပြီး အခုလို ဝန်ထမ်းတွေ အဝေးရောက် ဆက်လက်ခန့်ထားရေးဟာ ကယ်လီဖိုးနီးယားရှိ ကြီးထွားလာတဲ့ နည်းပညာကဏ္ဍနဲ့အတူ အိမ်ယာတွေ၊ သယ်ယူပို့ဆောင်ရေး အခြေခံ အဆောက်အဦတွေ ဖော်ဆောင်နေတဲ့ ဆန်ဖရန်စစ္စကိုမြို့အတွက်တော့ သိသိသာသာ ဂယက်ရိုက်မှု ရှိနိုင်ပါတယ်။

Facebook ကုမ္ပဏီက အတ္တလန်တာ၊ ဒါးလပ်စ်နဲ့ ဒင်ဗာတို့မှာ ပင်မရုံးအဆောက်အဦ သုံးခုဆောက်ဖို့ စီစဉ်ထားပြီး အနီးဝန်းကျင်က အဝေးရောက်ဝန်ထမ်းတွေ အခါအားလျော်စွာ စုစည်းနိုင်ကြမှာ ဖြစ်ပါတယ်။

_________________

_________________

Facebook က ဝန်ထမ်း ၅၀ ရာခိုင်နှုန်းကို နေအိမ်ကနေပဲ အလုပ်လုပ်ခိုင်းဖို့ စဉ်းစားနေ

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ပြီးဆုံးသွားလည်း ဝန်ထမ်း ၅၀ ရာခိုင်နှုန်းကို အဝေးကနေပဲ အလုပ်လုပ်ခိုင်းဖို့ စဉ်းစားနေတယ်လို့ Facebook ကုမ္ပဏီက ပြောပါတယ်။ 

ကမ္ဘာ့အကြီးဆုံး လူမှုကွန်ရက်ဖြစ်တဲ့ Facebook ရဲ့ အမှုဆောင် အရာရှိချုပ် မာ့ခ် ဇက်ကာဘာ့ဂ်က လာမယ့် ၁၀ နှစ်အတွင်း Facebook ရုံး ပြင်ပမှာ လုပ်သားအင်အားတွေ ထားရှိမှာ ဖြစ်ပြီး ဝန်ထမ်းအင်အား ၅၀ ရာခိုင်နှုန်းအထိ အဝေးရောက် ငှားရမ်းခန့်ထားဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။

ဝန်ထမ်းတွေက နေထိုင်အသုံးစရိတ် နည်းတဲ့နေရာမှာ နေဖို့ ရွေးချယ်နိုင်ပြီး လစာကိုလည်း ညှိနှိုင်းပြီးပေးမှာ ဖြစ်ကြောင်း၊ ဈေးကွက်အရ လစာကောင်းမှာ ဖြစ်ပေမယ့် နေရာအလိုက် သတ်မှတ်မှာ ဖြစ်ကြောင်း ဇက်ကာဘာ့ဂ်က ပြောပါတယ်။

Facebook ကုမ္ပဏီမှာ ဝန်ထမ်း ၅ သောင်းခန့် ရှိပြီး အခုလို ဝန်ထမ်းတွေ အဝေးရောက် ဆက်လက်ခန့်ထားရေးဟာ ကယ်လီဖိုးနီးယားရှိ ကြီးထွားလာတဲ့ နည်းပညာကဏ္ဍနဲ့အတူ အိမ်ယာတွေ၊ သယ်ယူပို့ဆောင်ရေး အခြေခံ အဆောက်အဦတွေ ဖော်ဆောင်နေတဲ့ ဆန်ဖရန်စစ္စကိုမြို့အတွက်တော့ သိသိသာသာ ဂယက်ရိုက်မှု ရှိနိုင်ပါတယ်။

Facebook ကုမ္ပဏီက အတ္တလန်တာ၊ ဒါးလပ်စ်နဲ့ ဒင်ဗာတို့မှာ ပင်မရုံးအဆောက်အဦ သုံးခုဆောက်ဖို့ စီစဉ်ထားပြီး အနီးဝန်းကျင်က အဝေးရောက်ဝန်ထမ်းတွေ အခါအားလျော်စွာ စုစည်းနိုင်ကြမှာ ဖြစ်ပါတယ်။

https://www.mcntv.biz/wp-content/uploads/2020/08/Gads12-09.jpg (Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)