ဇွန်လ ၁ ရက်နေ့မှာ စာသင်ကျောင်းတွေ ဖွင့်ဖို့ စောလွန်းသေးတယ်လို့ ဗြိတိန် သိပ္ပံပညာရှင်တွေ ပြော

0
314

ဇွန်လ ၁ ရက်နေ့မှာ စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့ “စောလွန်းသေးတယ်” လို့ ဗြိတိန်အစိုးရရဲ့ သိပ္ပံ အကြံပေး အကြီးအကဲဟောင်းက ပြောကြားလိုက်ပါတယ်။

Independent Sage သိပ္ပံပညာရှင်အဖွဲ့ ဥက္ကဋ္ဌ ဆာ ဒေးဗစ် ကင်းက ကျောင်းတွေ ပြန်ဖွင့်ဖို့ အန္တရာယ်များတဲ့ ဆုံးဖြတ်ချက်ဟာ လူ့အဖွဲ့အစည်းအတွက် ကျန်းမာရေး အန္တရာယ်ကို ထပ်ယူတာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု ဒုတိယအကြိမ် မြင့်တက်လာလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။

ဗြိတိန်အစိုးရက ဇွန်လ ၁ ရက်နေ့မှာ စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့ အစီအစဉ်ကို ကောင်စီ ၂၇ ခုကလည်း စိုးရိမ်ကြေင်း ပြောဆိုထားပါတယ်။

စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့ကို ဇွန်လ ၁၅ ရက်နေ့အထိ နှစ်ပတ် နောက်ဆုတ်ထားခြင်းက ကလေးတွေအတွက် အန္တရာယ်ကို ထက်ဝက် လျှော့ချနိုင်မယ်လို့ ခန့်မှန်းကြောင်း၊ စက်တင်ဘာလအထိ ရွှေ့ဆိုင်းထားရင်တော့ အန္တရာယ် အနည်းဆုံး ဖြစ်နိုင်ကြောင်း Sage သိပ္ပံပညာရှင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

_______________

_______________

ဇွန်လ ၁ ရက်နေ့မှာ စာသင်ကျောင်းတွေ ဖွင့်ဖို့ စောလွန်းသေးတယ်လို့ ဗြိတိန် သိပ္ပံပညာရှင်တွေ ပြော

ဇွန်လ ၁ ရက်နေ့မှာ စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့ “စောလွန်းသေးတယ်” လို့ ဗြိတိန်အစိုးရရဲ့ သိပ္ပံ အကြံပေး အကြီးအကဲဟောင်းက ပြောကြားလိုက်ပါတယ်။

Independent Sage သိပ္ပံပညာရှင်အဖွဲ့ ဥက္ကဋ္ဌ ဆာ ဒေးဗစ် ကင်းက  ကျောင်းတွေ ပြန်ဖွင့်ဖို့ အန္တရာယ်များတဲ့ ဆုံးဖြတ်ချက်ဟာ လူ့အဖွဲ့အစည်းအတွက် ကျန်းမာရေး အန္တရာယ်ကို ထပ်ယူတာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု ဒုတိယအကြိမ် မြင့်တက်လာလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။

အစိုးရက ဇွန်လ ၁ ရက်နေ့မှာ စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့ အစီအစဉ်ကို ကောင်စီ ၂၇ ခုကလည်း စိုးရိမ်ကြေင်း ပြောဆိုထားပါတယ်။ 

စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့ကို ဇွန်လ ၁၅ ရက်နေ့အထိ နှစ်ပတ် နောက်ဆုတ်ထားခြင်းက ကလေးတွေအတွက် အန္တရာယ်ကို ထက်ဝက် လျှော့ချနိုင်မယ်လို့ ခန့်မှန်းကြောင်း၊ စက်တင်ဘာလအထိ ရွှေ့ဆိုင်းထားရင်တော့ အန္တရာယ် အနည်းဆုံး ဖြစ်နိုင်ကြောင်း Sage သိပ္ပံပညာရှင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)