ဟန်ဂေရီမှာ လိင်ပြောင်းသူတွေနဲ့ Intersex တွေကို တရားဝင် အသိအမှတ်ပြုမှု အဆုံးသတ်မယ်

0
177

လိင်ပြောင်းမယ့်သူတွေနဲ့ intersex people တွေကို တရားဝင် အသိအမှတ်ပြုမှုအား အဆုံးသတ်ဖို့ ဟန်ဂေရီ ပါလီမန်က ဒီသီတင်းပတ်အတွင်း ခွင့်ပြုလိုက်တဲ့အတွက် အဲဒီသူတွေအဖို့ အန္တရာယ်ရှိတဲ့၊ ခွဲခြားခံရမယ့် အခြေအနေကို ကျရောက်တော့မှာ ဖြစ်ပါတယ်။

အခုလို ပြောင်းလဲပြင်ဆင်မယ့် ဥပဒေဟာ လိင်ပြောင်းသူ၊ intersex တို့ရဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်လို့ နောက်ပြန်သွားတာ ဖြစ်ပြီး ဟန်ဂေရီက လိုက်နာရမယ့် နိုင်ငံတကာအခွင့်အရေးကို ချိုးဖောက်တာဖြစ်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ပြောပါတယ်။

COVID-19 ကပ်ရောဂါ ဖြစ်နေတဲ့ကာလမှာ ဟန်ဂေရီ အစိုးရဟာ အာဏာကို အလွဲသုံးနေတာဖြစ်ပြီး လက်ညှိုးထောင် ခေါင်းငြိမ့်လုပ်နေတဲ့ ပါလီမန်မှာ ကျန်းမာရေးနဲ့ မသက်ဆိုင်တဲ့ အခုလို ဥပဒေပြုပြင်မှုတွေ လုပ်နေတယ်လို့ HRW က ဝေဖန်ထားပါတယ်။

ဘူဒါပက်မြို့မှာ နေထိုင်သူ လိင်ပြောင်းထားတဲ့ အသက် ၃၃ နှစ်အရွယ် ဒန်နီက သူဟာ စိတ်ဖိစီးပြီး မသက်မသာ ဖြစ်ရကြောင်း၊ စာတိုက်ရုံးကို သွားတာ၊ နယ်စပ်ဖြတ်ကျော်တာတွေမှာ သူရဲ့ မှတ်ပုံတင်ကတ်ကို ပြတဲ့အခါ လှောင်သလို ကြည့်ပြီး၊ မေးခွန်းထုတ်တာ၊ ကိုယ်ရေးကိုယ်တာတွေကို အတင်း ပြောပြခိုင်းတာတွေလုပ်ပြီး သိက္ခာချတယ်လို့ HRW ကို ပြောပါတယ်။

Intersex ဆိုတာ ကျား၊ မ လိင်မကွဲပြားဘဲ မွေးဖွားလာသူတွေဖြစ်ပြီး မွေးလာသူတွေရဲ့ ၁ ဒသမ ၇ ရာခိုင်နှုန်းခန့် ရှိတတ်ပါတယ်။ သူတို့ကို ကျား၊ မ မှားယွင်း ခွဲခြားမိတတ်ပြီး သူတို့ဟာ တရားဝင် လိင်ကွဲပြားစွာ သတ်မှတ်ဖို့အတွက် အသက်ရွယ် ရောက်လာဖို့ လိုအပ်တာလည်း ရှိပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို မချိုးဖောက်ဘဲ ပြည်သူတွေရဲ့ အခြေခံ အခွင့်အရေးကို အာမခံပေးဖို့ ဟန်ဂေရီ သမ္မတ ယာနိုစ် အက်ဒါမှာ တာဝန်ရှိကြောင်း၊ ဥရောပ သမဂ္ဂ တန်းတူညီမျှရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး ဟယ်လင်နာ ဒယ်လီအနေနဲ့ ဟန်ဂေရီရဲ့ ခွဲခြားမှုကို ပြင်းထန်စွာ ရှုတ်ချသင့်ကြောင်းလည်း HRW က တောင်းဆိုထားပါတယ်။

_________________

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)