သမ္မတ ထရမ့် အစ္စရေးကို ရောက်ရှိ

0
250

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ ပြည်ပခရီးစဉ် ဒုတိယမြောက် နိုင်ငံအဖြစ် အစ္စရေးနိုင်ငံ၊ တဲလ် အဗစ်မြို့ကို ဒီနေ့ မေလ ၂၂ ရက်နေ့မှာ ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

အဲဖို့စ်ဝမ်း လေယာဉ်ဟာ ဆော်ရီအာရေဗီးယားနိုင်ငံ၊ ရီယာ့ဒ်မြို့ကနေ တဲလ်အဗစ်မြို့ရှိ ဘင်ဂူရီယန် လေဆိပ်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ မစ္စတာ နေတန်ယာဟုနဲ့ ဇနီး၊ အစ္စရေး သမ္မတ ရုဗင် ရီဗလင်နဲ့ ကက်ဘိနက် အဖွဲ့ဝင်တွေက ကြိုဆိုကြပါတယ်။

သမ္မတ ထရမ့်ဟာ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၊ ပါလက်စတိုင်း သမ္မတ မာမွတ် အဘတ်စ်တို့နဲ့ ငြိမ်းချမ်းရေး ကိစ္စအတွက် သီးခြားစီ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဂျူးလူမျိုးများ သတ်ဖြတ်ခံရမှု အထိမ်းအမှတ်ဖြစ်တဲ့ ယတ်ဒ် ဗာရှမ် ဟိုလိုကတ်ကိုလည်း သွားရောက် လည်ပတ်မှာ ဖြစ်ပါတယ်။

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ အဖြေရှာရေးနဲ့ ပတ်သက်ပြီး ‘လူတွေ ထင်သလောက် မခက်ခဲပါဘူး’ လို့ သမ္မတ ထရမ့်က ပြီးခဲ့တဲ့ မတ်လမှာ ကြွေးကြော်ဖူးတဲ့အတွက် ဖိအားပေးမှုတွေ ခံခဲ့ရပါသေးတယ်။

နှစ်ရက်ကြာ အလည်အပတ်ခရီးမှာ အစ္စရေးနဲ့ ပါလက်စတိုင်းအကြား ငြိမ်းချမ်းရေးအတွက် အိမ်ဖြူတော်က ဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)