မကြာခင် ကင်ဆာရောဂါနဲ့ သေဆုံးတော့  အမျိုးသားနဲ့ လက်ထပ်ခဲ့တဲ့ အမျိုးသမီး

0
277

အင်္ဂလန် နိုင်ငံမှာ အသက် ၆၃  နှစ်အရွယ် ပြင်းထန်တဲ့  ကင်ဆာရောဂါခံစားနေရတဲ့ အမျိုးသား ရေ့ကာရှော   ကို သူ့ရဲ့ ရည်စား ဖြစ်သူ  အသက် ၄၅ နှစ်အရွယ် ထရေ့စီ ဘရော့ခ် က ပြီးခဲ့တဲ့ မေ ၂၀ ရက်နေ့က လက်ထပ် လိုက်ပါ တယ်။

သူတို့ နှစ်ဦးဟာ  လာမဲ့ နှစ်မှာ လက်ထပ်ဖို့   ရည်ရွယ်ထားခဲ့ကြပေမဲ့ ပြီးခဲ့တဲ့ မတ်လ ထဲမှာ  ရေ့ဟာပြင်းထန်တဲ့ အစာအိမ်ကင်ဆာဝေဒနာ ကို စတင်ခံစားခဲ့ရတာ ပဲဖြစ်ပါတယ်။ သူ့ကို ဆေးကုသဖို့ ထောက်ပံပေးသူတွေရဲ့ သူ့ရဲ့ရည်းစားဟာ ရေ့ပျော်ရွင်မှုရရှိစေဖို့ လာမဲ့ ဇွန်လ ၂  ရက်နေ့ကို  မင်္ဂလာ ရက်အဖြစ် သတ်မှတ်ခဲ့ တာပဲဖြစ်ပါတယ်။

ဒါပေမဲ့လည်း ရေ့ ရဲ့ ကျန်းမာရေးအခြေအနေ ဆိုးဝါးလာခဲ့တဲ့အတွက်ကြောင့် ပြီးခဲ့တဲ့ စနေနေ့က ၂၄ နာရီအတွင်း သူငယ်ချင်းတွေ စုဝေးကာ သူ့ကုသနေတဲ့ ဆေးရုံမှာပဲ မင်္ဂလာ အခမ်းအနား ပြုလုပ်ကျင်းပ ပေးခဲ့ကြတာပဲဖြစ်ပါတယ်။

အဲ့ဒီအခမ်းအနားကို သူတို့ရဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေ ၊ဆေးရုံက သူနာပြုဆရာမတွေပါတက်ရောက်ခဲ့ပြီး မင်္ဂလာပွဲ ဖြစ်မြောက်အောင် စီးပွားရေးလုပ်ငန်း ရှင်တစ်ချို့နဲ့  နိုင်ငံခြားသားတစ်ချို့ကပါ ပါဝင် ကူညီပေးခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)