Gay sex ပါတီကျင်းပလို့ အင်ဒိုနီးရှားမှာ ၁၄၀ ကျော် အဖမ်းခံရ

0
306

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်မှာ လိင်တူချစ်သူများပါတီ (Gay sex party) ကို ဝင်ရောက်စီးနင်းပြီး ၁၄၁ ဦးကို ဖမ်းဆီးရာမှာ ဗြိတိသျှ နိုင်ငံသားတစ်ယောက်လည်း အဖမ်းခံရပါတယ်။

ဒီလိုဖမ်းဆီးမှုဟာ ကမ္ဘာ့ မွတ်စလင်ဦးရေ အထူထပ်ဆုံးနိုင်ငံတစ်ခု ဖြစ်တဲ့ အင်ဒိုနီးရှားမှာ လိင်တူချစ်သူတွေ အပေါ် ရန်လိုတဲ့ လက္ခဏာကို ပြသနေတာ ဖြစ်ပါတယ်။

ဂျကာတာ မြောက်ပိုင်းရှိ အားကစားရုံနဲ့ ရေနွေးချိုးခန်းတွေကို ဝင်ရောက်စီးနင်းပြီး မေးမြန်းစစ်ဆေးဖို့ ဖမ်းဆီးထားတာ ဖြစ်တယ်လို့ ရဲပြောရေးဆိုခွင့်ရှိသူ အာဂို ယူဝိုနိုက ပြောပါတယ်။

အင်ဒိုနီးရှားမှာ လိင်တူဆက်ဆံခြင်းကို ဥပဒေကြောင်းအရ တားမြစ်ထားခြင်း မရှိပေမယ့် အခု ဖမ်းဆီးထားသူတွေကိုတော့ ပြည့်တန်ဆာ ဥပဒေအရ ဖြစ်တယ်လို့ အင်ဒိုနီးရှားရဲက ပြောပါတယ်။

ပြီးခဲ့တဲ့ လတုန်းကလည်း အင်ဒိုနီးရှား ဒုတိယအကြီးဆုံး မြို့ဖြစ်တဲ့ ဆူရာဘရာမှာလည်း Sex party ကျင်းပမှုကြောင့် အမျိုးသား ၁၄ ဦးကို ဖမ်းဆီးခဲ့ပြီး HIV စစ်ဆေးမှု လုပ်ခိုင်းခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)