တာလတ်ပစ်ဒုံးကျည် မြောက်ကိုရီးယား အောင်မြင်မှုရကြောင်း အတည်ပြု

0
258

ပြီးခဲ့တဲ့တနင်္ဂနွေညနေခင်းက နောက်ထပ် တာလတ်ပစ်ဒုံးကျည်တစ်စင်းကို အောင်မြင်စွာပစ်လွှတ်နိုင်ခဲ့ကြောင်း မြောက်ကိုရီးယား အစိုးရက အတည်ပြု ပြောကြားလိုက်ပါတယ်။

နိုင်ငံပိုင်မြောက်ကိုရီးယား မီဒီယာဖြစ်တဲ့ KCNA သတင်းအေဂျင်စီက အဆိုပါဒုံးကျည်ဟာ စစ်ရေးအရ အသုံးချနိုင်တဲ့အဆင့်ကို ရောက်ရှိနေပြီဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ သုံးကြိမ်စမ်းသပ်မှုမှာ မြောက်ကိုရီးယား အသုံးပြုခဲ့တဲ့ ဒုံးကျည်တွေလောက် အခုပစ်ခတ်တဲ့ ဒုံးကျည်က ဝေးဝေးမရောက် ရှိကြောင်း အမေရိကန်အိမ်ဖြူတော်က ပြောဆိုခဲ့ပါတယ်။

နျူကလီယားထိပ်ဖူး တပ်ဆင်နိုင်တယ်ဆိုတဲ့ ဒုံးကျည်အသစ်ကို ပစ်လွှတ်ခဲ့ပြီး တစ်ပတ်အကြာမှာ အခုတာလတ်ပစ်ဒုံးကျည်ကို မြောက်ကိုရီးယားက ထပ်မံပစ်လွှတ်လိုက်တာဖြစ်ပါတယ်။

အခုလိုစမ်းသပ်ချက်တွေ ထပ်မလုပ်ဖို့ မြောက်ကိုရီးယားအစိုးရကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပြီးခဲ့တဲ့တနင်္လာနေ့က ထပ်မံပိတ်ပင်ခဲ့ပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြောက်ကိုရီးယားအနေနဲ့ ဒေသတွင်း နျူကလီယား လက်နက်ဖျက်သိမ်းရေးကို ထိထိရောက်ရောက် ရိုးရိုးသားသား ဆောက်ရွက်မှု ပြသရမယ်လို့ ဖိအားပေးပြောဆိုခဲ့တာဖြစ်ပါတယ်။

အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ရဲ့တောင်းဆိုမှုအရ ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ မနက်ဖြန်မှာ တံခါးပိတ်ဆွေး နွေးပွဲ ကျင်းပမှာဖြစ်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းကတော့ မနေ့ကပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်ပစ်ခတ်မှုကို လာရောက်ကြည့်ရှုခဲ့ပြီး အဲဒီဒုံး ကျည်စနစ် တပ်ဖြန့်နေရာချထားမှုကို သဘောတူအတည်ပြုပေးခဲ့ကြောင်း နိုင်ငံပိုင် KCNA က ဖော်ပြခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)