မန်ယူအသင်းနည်းပြ မော်ရင်ဟို ရဲ့ ပွဲစဉ်အပြီး သတင်းစာရှင်းလင်းပွဲ မေးခွန်းမေးမယ့်သူ မရှိ

0
296

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အင်္ဂလန်ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲရဲ့ ဒီနှစ်ရာသီအတွက် နောက်ဆုံးပိတ် ပွဲစဉ်တွေထဲက တစ်ပွဲအဖြစ် မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ခရစ်တယ်ပဲလေ့စ်အသင်းတို့ ယဉ်ပြိုင် ကစားခဲ့ကြတာပါ။

အဲဒီ ပွဲစဉ်မှာ မန်ယူအသင်းက ခရေစတယ်ပဲလေ့စ်အသင်းကို ၂ ဂိုး ဂိုးမရှိ နဲ့ အနိုင်ရခဲ့ပြီး ပွဲအပီးသတင်းစာရှင်းလင်းပွဲ ပြုလုပ်ရမှာတော့ မန်ယူအသင်းနည်းပြ မော်ရင်ဟို နဲ့ သတင်းသမား အနည်းငယ် သာ အခန်းထဲမှာရှိခဲ့ပြီး ဘယ်သူကမှ မော်ရင်ဟိုကို မေးခွန်းမမေးခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒါကြောင့် နည်းပြ မော်ရင်ဟိုဟာ သတင်းစာရှင်းလင်းပွဲပြုလုပ်တဲ့အခန်းမှာ ၆ စက္ကန့်ဝန်းကျင်သာ ထိုင်နေခဲ့ပြီး ပြန်လည်ထွက်ခွာ သွားခဲ့ပါတယ်။ အဲဒီ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမတိုင်ခင် အစောပိုင်းအချိန်က မောရင်ဟိုဟာ မန်ယူအသင်းရဲ့ ရုပ်သံလိုင်းဖြစ်တဲ့ MUTV နဲ့ အင်တာဗျူးပေးခဲ့ပြီး သတင်းသမားတွေကို မေးခွန်းအများကြီးမမေးဖို့ သတိပေးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)