သြစတေးလျနိုင်ငံ သမိုင်းမှာ အကြီးမားဆုံးပရဟိတ အလှူအဖြစ် ဒေါ်လာ ၂၉၈ သန်း လှူဒါန်း

0
292

သြစတေးလျနိုင်ငံသမိုင်းမှာ အကြီးမားဆုံးပရဟိတလှူဒါန်းမှုဖြစ်ပြီး အသက်ရှင်သန်နေချိန်မှာ အမြင့်ဆုံးပမာဏ လှူဒါန်းမှုအဖြစ် သြစတေးလျ သတ္တုတွင်းသူဌေးကြီး အန်းဒရူးဖောရက်နဲ့ဇနီးဖြစ်သူ နီကိုလာတို့က ဒေါ်လာ ၂၉၈ သန်းကို လှူဒါန်းလိုက်ပါတယ်။

အန်းဒရူးဖောရက်ဟာ ၁၉၈၃ ခုနှစ်မှာ သြစတေးလျနိုင်ငံ၊ အနောက်ပိုင်းတက္ကသိုလ်မှ စီးပွားရေးဘွဲ့ဒီဂရီရရှိခဲ့ပြီး အသက် ၅၅ နှစ် ရွယ် လုပ်ငန်းရှင်တစ်ဦး ဖြစ်ပါတယ်။ ပထမဆုံးသတ္တုတူးဖော်ရေးလုပ်ငန်းကို ၁၉၉၄ ခုနှစ်မှာ စတင်လုပ်ကိုင်ခဲ့ပြီးနောက် ကိုးနှစ်အကြာမှာ သံရိုင်းသတ္တုတူးဖော်ရေးကုမ္ပဏီကြီးကို ထူထောင်နိုင်ခဲ့ပါတယ်။

သူဟာ သြစတေးလျနိုင်ငံရဲ့အကြွယ်ဝဆုံးဘီလျံနာတွေထဲမှာ အပါအ၀င်ဖြစ်ခဲ့ဖူးပြီး သူ့ရဲ့ဓနအင်အားဟာ ၂၀၀၈ ခုနှစ်သတ္တုတူး ဖော်ရေးလုပ်ငန်းတွေ စန်းပွင့်နေချိန်မှာ အမြင့်မားဆုံးဖြစ်ခဲ့ပါတယ်။

အမေရိကန်ဘီလျံနာဘီဂိတ်နဲ့ ၀ါရင်ဘူးဖတ်တို့တည်ထောင်ခဲ့တဲ့ အဖွဲ့ကို ၀င်ရောက်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ သူ့ရဲ့ချမ်းသာကြွယ်ဝမှု ထက်ဝက်ကို ပရဟိတ လုပ်ငန်းတွေမှာ လှူဒါန်းမှုပြုလုပ်သွားမှာ ဖြစ်ကြောင်း ကတိပြုပြောဆိုခဲ့ပါတယ်။

ဝန်ကြီးချုပ်မဲလ်ကွန်ထရန်ဘူးလ်က ဘီလျံနာကြီးဖောရက်ရဲ့လှူဒါန်းမှုကြောင့် သြစတေးလျမှာရှိတဲ့ လူထောင်ပေါင်းများစွာရဲ့ ဘ၀တွေ ပြောင်းလဲသွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

အလားတူကြီးမားတဲ့ လူသားချင်စာနာထောက်ထားလှူဒါန်းမှုတွေကို အိန္ဒိယနည်းပညာသူဌေး အဇစ်ပရီဂျီ၊ အိုင်ရစ်အမေရိကန် စီးပွားရေးလုပ်ငန်းရှင်ကြီး ချက်ခ်ဖန်နေးနဲ့ ဆော်ဒီအာရေဗျမင်းသား အဲဝါလီဘင်တာရာတို့ကလည်း ပြုလုပ်ဖို့ ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)