ဗင်နီဇွဲလား ဆန္ဒပြပွဲအတွင်း လူတစ်ဦးကို အရှင်လတ်လတ် မီးရှို့

0
228

ဗင်နီဇွဲလားနိုင်ငံ၊ ကရာကတ်မြို့မှာ အစိုးရထောက်ခံသူတစ်ဦးကို အတိုက်အခံဆန္ဒပြသူတွေက အရှင်လတ်လတ်မီးရှို့ခဲ့ကြောင်း သမ္မတနီကိုလပ်စ်မာဒူရိုက စွပ်စွဲပြောဆိုလိုက်ပါတယ်။

မီးရှို့ခံရသူမှာ ဟိုဆေးဖီဂူရာဆိုသူဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ ၈၀ ရာခိုင်နူန်းမှာ မီးလောင်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါတယ်။ ဒါ့အပြင် ပြီးခဲ့ တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့တဲ့ အဆိုပါဆန္ဒပြမှုအတွင်းမှာ ဟိုဆေးဖီဂူရာဟာ ဓါးနဲ့လည်းအထိုးခံခဲ့ရကြောင်း ရဲအရာရှိတွေက ပြောပါတယ်။

ဟိုဆေးဖီဂူရာကို သူခိုးဆိုပြီးအဲဒီလိုလုပ်ခဲ့ကြတာဖြစ်ကြောင်း မျက်မြင်သက်သေတစ်ဦးက ပြောပါတယ်။ အဲဒီနေ့မှာမှာ အတိုက်အခံဆန္ဒပြသူတစ်ဦး ပစ်သတ်ခံခဲ့ရတာကြောင့် မကြာသေးခင်ကပေါ်ပေါက်ခဲ့တဲ့ ဗင်နီဇွဲလားဆန္ဒပြမှုအတွင်း သေဆုံးသူ ၄၈ ဦး ရှိလာပြီဖြစ်ပါတယ်။

ဆန္ဒပြသူတွေဟာ သမ္မတမာဒူရိုကို ဖယ်ရှားပေးဖို့ တောင်းဆိုပြီး ကြားဖြတ်ရွေးကောက်ပွဲကျင်းပဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။
မစ္စတာဟိုဆေးဖီဂူရာ မီးရှို့ခံခဲ့ရတဲ့နေ့မှာပဲ ကရာကတ်မြို့က လမ်းမတွေအပေါ်မှာ ဆန္ဒပြသူ ၄၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဗင်နီဇွဲလား သတင်းပြန်ကြားရေးဝန်ကြီး အာနက်စတိုဗီလီဂတ်စ်က ရှုးသွပ်မှုတွေ တိုးပွားလာနေတယ်လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။
ဆန္ဒပြပွဲအရှိန်ရလာလေလေ သမ္မတမာဒူရိုအစိုးရအပေါ် ဗင်နီဇွဲလားပြည်သူတွေရဲ့ အမျက်ဒေါသက ကြီးထွားလာလေဖြစ်နေပါ တယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)