ပြန်ပေးဆွဲခံရတဲ့  ကျောင်းသူ ၂၀၀ ကျော်ထဲက  ၈၂  ယောက်  သုံးနှစ်ကြာမှ အိမ်ပြန်ရောက်

0
263

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်အတွင်း က နိုင်ဂျီးရီးယားနိုင်ငံ မှာ ဘိုကိုဟာရမ်အာကြမ်းဖက်အဖွဲ့  က ဖမ်းဆီး ခေါ်ဆောင်တဲ့ ကျောင်းသူ ၈၂ ယောက်တော့  မေ ၁၉ ရက်နေ့မှာ  အိမ်အရောက်ပြန်လာနိုင်ခဲ့ပါပြီ။

ဘိုကိုဟာရမ်အဖွဲ့ဟာ  ပြီးခဲ့တဲ့ သုံးနှစ်ကျော်က နိုင်ဂျီးရီးယားနိုင်ငံ ချီဘော့မြို့က ကျောင်းသူ ၂၇၆ ယောက် ကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ ပြီး ၅၇ ကတော့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။

အဲ့ဒီလို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ အထဲကကျောင်းသူ ၈၂ ယောက်ဟာ သူတို့ရဲ့ မိသားစုနဲ့ ပထမဆုံးအကြိမ် ပြန်လည် ဆုံတွေ့ခဲ့ကြရတာပဲ ဖြစ်ပါတယ်။

ပြန်လည်ရောက်ရှိမလာကြသေးတဲ့ ကျောင်းသူ ၁၀၀ ကျော်အတွက်လည်း ကူညီပေးဖို့ သူတို့ရဲ့ မိဘတွေက နိုင်ဂျီးရီးယား အစိုးရကို တောင်းဆိုနေကြပါတယ်။ ဘိုကိုဟာရမ်အဖွဲ့က အဓိကအားဖြင့် သူတို့ရဲ့ အကျဉ်းသားတွေနဲ့ ကျောင်းသူတွေကိုလဲလှယ်ဖို့အတွက် ဖမ်းဆီးခဲ့ကြတာပဲဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)