မင်္ဂလာပွဲ ဆင်နွှဲတော့မယ့် လီဒေါင်ဂန်းနဲ့ ဂျိုယုံဟီး

0
333

တောင်ကိုရီးယား ထိပ်တန်းသရုပ်ဆောင် တစ်ဦးဖြစ်တဲ့ လီဒေါင်ဂန်းနဲ့ သရုပ်ဆောင်တစ်ဦးဖြစ်သူ ဂျိုယုံဟီးတို့ဟာ မကြာခင်မှာ လက်ထပ်ပွဲကို ဆင်နွဲတော့မှာဖြစ်ကြောင်း သူတို့ရဲ့ အနုပညာ အေဂျင်စီများက တရားဝင် သတင်း ထုတ်ပြန်လိုက်ပါတယ်။

သူတို့နှစ်ဦးဟာ 2016 ခုနှစ် သြဂုတ်လက KBS2TV မှာ ထုတ်လွှင့်ပြသခဲ့တဲ့ The Gentlemen of Wolgyesu Tailor Shop ရုပ်သံဇာတ်လမ်းမှာ အတူတွဲ သရုပ်ဆောင်ခဲ့ကြရင်း ချစ်သူတွေဖြစ်ခဲ့ပြီး လက်ထပ်ဖို့ ဖြစ်လာခဲ့ခြင်းပါ။

သူတို့နှစ်ဦးဟာ လွန်ခဲ့တဲ့ နှစ်နှစ်ခန့်ကတည်းက ချစ်သူတွေဖြစ်ခဲ့ကြပြီး လက်ထပ်ဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ ဂျိုယုံဟီးဟာ လီဒေါင်ဂန်းရဲ့ ရင်သွေးကို ကိုယ်ဝန်လွယ်ထားရပြီလို့လည်း သိရပါတယ်။ လီဒေါင်ဂန်းက သူရဲ့ ပရိသတ်များကို ပြောကြားခဲ့ရာမှာတော့ “လက်ထပ်ဖို့ ကိစ္စက အစောတလျှင် ဆုံးဖြတ်ခဲ့ကြတော့မဟုတ်ပါဘူး။ ကျွန်တော်တို့တွေ ချစ်သူတွေအဖြစ် လက်တွဲခဲ့စဉ်ကတည်းက လက်ထပ်ဖို့အထိ ရည်ရွယ်ခဲ့ပြီးသားပါ။ အခုတော့ ကျွန်တော်တို့မှာ ရင်သွေးလေး ပိုင်ဆိုင်တော့မှာပါ။

ကျွန်တော့်တို့ဆီကို ရောက်လာမယ့် ရင်သွေးလေးကို ကျေးဇူးလည်း တင်မိသလို ၀မ်းမြောက်ဝမ်းသာနဲ့ ကြိုဆိုနေမှာပါ။ ကျွန်တော်ဟာ သရုပ်ဆောင်ကောင်းမွန်သူအဖြစ် အမြဲကြိုးစားနေမှာ ဖြစ်သလို ဖခင်ကောင်းဖြစ်အောင်၊ မိဘကောင်းတစ်ဦးဖြစ်အောင် ကြိုးစားနေမှာပါ” ပြောကြားခဲ့ပါတယ်။

လီဒေါင်ဂန်းဟာ လက်ရှိမှာ ၃၇ နှစ်ရှိပြီဖြစ်ပြီး ဂျိုယုံဟီးကတော့ ၃၅ နှစ်ရှိနေပါပြီ။ လီဒေါင်ဂန်းဟာ အနုပညာလောကထဲကို ၁၉၉၈ ခုနှစ်ကတည်း ၀င်ရောက်ခဲ့သူဖြစ်ကာ သူရဲ့ အအောင်မြင်ဆုံး ရုပ်သံတွေတော့ Smile Again, Lovers in Paris စတဲ့ ရုပ်သံတွေပါ။ KBS 2TV ရဲ့ ရုပ်သံဇာတ်လမ်းဖြစ်တဲ့ Seven Day Queen ကို ရိုက်ကူးနေတဲ့ လီဒေါင်ဂန်းဟာ အရင်းနှီးဆုံး မိတ်ဆွေ သူငယ်ချင်းများနဲ့ မိသားစုများသာ ပါဝင်တဲ့ မင်္ဂလာပွဲကို အမြန်ဆုံး စီစဉ်နေပြီလို့ သိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)