ကလေးတွေကို အပြာဓါတ်ပုံရိုက်ကူးမှုနဲ့ နယ်သာလန်နိုင်ငံသားတစ်ဦးကို ကမ္ဘောဒီးယား တရားရုံးက စွဲချက်တင်

0
287

နယ်သာလန်နိုင်ငံသားတစ်ဦးကို ကလေးအရွယ်ယောင်္ကျားလေးတွေရဲ့ ကိုယ်လုံးတီးပုံပေါင်း ၁၃၀၀ ကျော်ကို ရိုက်ကူးမှု နဲ့ လက်ဝယ် တွေ့ရှိမှု အတွက်ကမ္ဘောဒီးယားတရားရုံးက စွဲချက်တင်လိုက်ပါတယ်။

အိဗ်ရတ်နစ်ကိုးလတ်စ်ဆာရော့ လို့ခေါ်တဲ့ အသက် ၅၃ နှစ်အရွယ် နယ်သာလန်နိုင်ငံသားဟာ ငယ်ရွယ်တဲ့ကလေးတွေ ရဲ့ကိုယ်လုံးတီးဓါတ်ပုံတွေကို ရိုက်ကူးမှုကြောင့် ထောင်ဒဏ် ၅ နှစ်ကနေ ၁၀ နှစ်အထိကျခံရနိုင်တယ် လို့ ဆီယမ်ရိ ပြည်နယ်တရားရုံးရဲ့ပြောရေးဆိုခွင့်ရှိသူ ရင်မ်ဆရိုင်း က ဆိုပါတယ်။

ကလေးငယ်တွေကို ကိုယ်ဟန်ပြသူတွေအနေနဲ့ အသုံးပြုထားတဲ့အပြာဓါတ်ပုံတွေကို ဖြန့်ချိရောင်းချမှုပါပြုလုပ်ခဲ့မယ်ခဲ့မယ်ဆိုရင်တော့ ထောင်ဒဏ် ၁၀ နှစ်ကနေ ၂၀ နှစ်အထိ ကျခံရနိုင်ပါတယ်။

ဆာရော့ ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ဆီယမ်ရိ ပြည်နယ်ရဲ့အနောက်မြောက်ဖက်က နာမည်ကြီး အန်ကောဝပ် ဘုရားကျောင်းအနီးနားကသူ့ရဲ့ အိမ်မှာ ကလေးအရွယ်ယောင်္ကျားလေးတွေကို ကိုယ်လုံးတီးဓါတ်ပုံရိုကူးနေစဉ် ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

ကမ္ဘောဒီးယားရဲတွေဟာ ကလေးတွေအပေါ်လိင်ပိုင်းဆိုင်ရာအလွဲသုံးစားပြုလုပ်မှုတွေကို တိုက်ဖျက်နေတဲ့ ဒေသတွင်း အန်ဂျီအို အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Action Pour Les Enfants အဖွဲ့ရဲ့သတင်းအချက်အလက် တွေအပေါ်အခြေပြုပြီး ဆာရော့ အပေါ်မှာ စုံစမ်းစစ်ဆေးမှုတွေ စတင်ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

အသက် ၁၅ နှစ်အောက်လူငယ်အယောက် ၂၀ လောက်ဟာအခကြေးငွေ ရယူပြီးဆာရော့ဆီလာရောက ဓါတ်ပုံရိုက်ခံနေကြတယ် လို့ Action Pour Les Enfants အဖွဲ့ ကဆိုပါတယ်။

အဲဒီဖမ်းဆီးမှုဟာ ကမ္ဘောဒီးယားနိုင်ငံအတွင်း ကလေးတွေအပေါ်လိင်ပိုင်းဆိုင်ရာအလွဲသုံးစားပြုလုပ်မှု နဲ့ ပတ်သက်နေတဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီး ရရှိတာ တတိယမြောက်ဖြစ်တယ် လို့လည်း အဲဒီအဖွဲ့ ကဆိုပါတယ်။

ဆင်းရဲမွဲတေမှုနဲ့ တရားဥပဒေစိုးမိုးမှု အားနည်းတဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ နိုင်ငံခြားသားအချို့အတွက် ငယ်ရွယ်တဲ့ကလေးငယ်တွေအပေါ်လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်တဲ့ ကိစ္စရပ်တွေ စည်းရုံးလုပ်ဆောင်နိုင်အောင် အခွင့်အရေးပေးသလိုဖြစ်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)