“ဂူဂဲလ်ကုမ္ပဏီက လက်ဝါးကြီးအုပ်နေပြီး အင်တာနက်ကို ဖျက်ဆီးနေ”

0
234

ကမ္ဘာကျော်အမေရိကန်နည်းပညာကုမ္ပဏီကြီဖြစ်တဲ့ ဂူဂဲလ်ဟာ နည်းပညာစီးပွားရေးလောကကို လက်ဝါးကြီးအုပ်သိမ်းပိုက်နေ ပြီး အင်တာနက်ကိုလည်း ဖျက်ဆီးနေကြောင်း နည်းပညာဝေဖန်ရေးသမား ရိုင်ယန်ကူးပါးက ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ငါးနှစ်ကနေ ဆယ်နှစ်တာကာလအတွင်း ဘလော့ဂ်ရေးသားသူတွေဟာ အင်တာနက်ကြော်ငြာတွေကနေ ၀င်ငွေရရှိခဲ့ကြ ပါတယ်။ ဒါပေမဲ့အဆိုပါ ၀င်ငွေလမ်းကြောင်းဟာ အလျင်အမြန်ပြောင်းလဲလာနေပါတယ်။

အဲဒီလိုပြောင်းလဲလာတဲ့အဓိကအ ကြောင်းအရင်းနှစ်ခုကတော့ ဖေ့ဘွတ်ခ်နဲ့ ဂူဂဲလ်တို့ကြောင့်ပဲဖြစ်ပါတယ်။ ဂူဂဲလ်နဲ့ ဖေ့ဘွတ်က လက်ရှိအချိန်မှာ အင်တာနက် ကြော်ငြာလုပ်ငန်းရဲ့ ၈၅ရာခိုင်နူန်းကို သိမ်းပိုက်ထားပါတယ်။

ဒါကြောင့် အခြားမီဒီယာလုပ်ငန်းတွေဟာ တိုက်ရိုက်မှာယူမှု ဒါမှမဟုတ် အခြားစီးပွားရေးပုံစံတွေကို ပြောင်းလဲလုပ်ကိုင်လာကြရ ပါတယ်။

ဖေ့ဘွတ်ခ်နဲ့ ဂူဂဲလ်တို့ဟာ အွန်လိုင်းပလက်ဖောင်းလက်ဝါးကြီးအုပ်သူတွေဖြစ်တာကြောင့် အခုလို စီမံနိုင်နေတာဖြစ်ပါ တယ်။

လူတွေ အင်တာနက်ကို ဘယ်လိုအသုံးပြုကြရမယ်ဆိုတဲ့အပေါ်မှာ သူတို့က လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိနေကြပြီး ထုတ်လုပ် မှုဖြစ်တဲ့စီးပွားရေးလုပ်ငန်းတွေကို စတင်လည်ပတ်ချိန်မှာပဲ ဖျက်ဆီးနိုင်စွမ်းရှိနေပါတယ်။

ဒါ့အပြင် အင်တာနက်စတင်အသုံးပြုသူတွေအကြားမှာ ဂူဂဲလ်ဟာ လူသိအများဆုံးဖြစ်လာခဲ့ပြီးနောက်ပိုင်းမှာ အဘိဓါန်ထဲက ကြိ ယာတစ်ခုတောင် ဖြစ်လာခဲ့ရပါတယ်။

ဂူဂဲလ်ရဲ့ကြီးထွားလာမှုကို မိုက်ခရိုဆော့ဖ်ရဲ့ ဘင်း(Bing) နဲ့ ယာဟူး(Yahoo) လည်း ယှဉ် ပြိုင်နိုင်စွမ်းမရှိခဲ့ပါဘူး။

၁၉၉၀ပြည့်နှစ်တွေမှာ ဆာဂျီဘရင်းနဲ့ လာရီပေ့ဂ်တို့ စတင်ထူထောင်ချိန်က အခြားအင်တာနက်ရှာ ဖွေမှုဆိုက်ဒ်တွေဖြစ်တဲ့ ယာဟူးနဲ့ ဘင်းတို့ထက် သိသိသာသာပိုကောင်းမွန်တဲ့ အနေအထားမှာမရှိခဲ့ပေမယ့်လည်း ကွန်ယက် သက်ရောက်မှု ကလည်း ဂူဂဲလ်ကို ပိုပြီးအားကောင်းစေခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)