“ရှောင်ဇေလီဇေလမ်းပေါ်က တိုက်ခိုက်မှုတရားခံကို အာဏာပိုင်တွေထုတ်ဖော်”

0
258

ပြင်သစ်နိုင်ငံ၊ ပါရီမြို့က နာမည်ကျော် ရှောင်ဇေလီဇေလမ်းမကြီးမှာ တိုက်ခိုက်မှုကျုးလွန်ခဲ့ပြီး ရဲတပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် သေဆုံး ခဲ့တဲ့ အကြမ်းဖက်သမားရဲ့အမည်ဟာ ကာရင်ချီအာဖီဖြစ်ကြောင်း ပါရီတရားရေးအာဏာပိုင်တွေက ထုတ်ဖော်လိုက်ပါတယ်။

တရားခံရဲ့အလောင်းအနီးမှာ အိုင်အက်စ်အဖွဲ့ရဲ့မှတ်စုကို တွေ့ရှိခဲ့ရပြီး အကြမ်းဖက်သမားက ချေမှုန်းရေးရိုင်ဖယ်နဲ့ ရဲအရာရှိရဲ့ ဦး ခေါင်းကို နှစ်ချက်ဆင့်ပြီး ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ မနက်ဖြန်မှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်သူတွေ ဟာ ဒီတိုက်ခိုက်မှုကို နိုင်ငံရေးအရအမြတ်ထုတ်ဖို့ ကြိုးစားနေကြတယ်လို့ စွပ်စွဲပြောဆိုခံနေရပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုကြောင့် နေ့စဉ်ဘ၀လုပ်ဆောင်မှုတွေ ထိခိုက်ပျက်စီးရပြီး သွေးစွန်းမှုတွေနဲ့ ဒေါသပေါက်ကွဲမှုတွေ ဖြစ် စေခဲ့ပါတယ်။ ဒါ့အပြင် အကြမ်းဖက်တိုက်ခိုက်မှုတွေက မနက်ဖြန်ကျင်းပတော့မယ့် ရွေးကောက်ပွဲကိုလည်း မရေရာမှုတွေ တိုးပွား  စေခဲ့ပါတယ်။

ပြီးခဲ့တဲ့ကြာသပတေးနေ့က ပါရီမြို့ရဲ့ရှောင်ဇေလီဇေလမ်းမကြီးပေါ်မှာ အသက် ၃၉နှစ်အရွယ် ကာရင်ချီအာဖီဆိုတဲ့ ပြင်သစ်နိုင် ငံသားက အကြမ်းဖက်ခဲ့တာကြောင့် ရဲအရာရှိတစ်ဦးသေဆုံးခဲ့ရပါတယ်။ ဒီအဖြစ်အပျက်က လက်ယာစွန်းအမျိုးသားရေးတပ်ဦး က မာရီလေပန်လိုမျိုး ကွန်ဆာဗေးတစ်တွေအတွက် အခွင့်အလမ်းတစ်ခုဖန်တီးပေးခဲ့သလို ဖြစ်လာပါတယ်။

၎င်းပါတီက အခုအ ဖြစ်အပျက်ကို အသုံးချပြီး ရွေ့ပြောင်းအခြေချတဲ့မွတ်စလင်တွေ အပေါ်မှာ ရန်လိုမှုဖြစ်လာအောင် ကြိုးစားဖို့ လုပ်ဆောင်လာခဲ့ပါ တယ်။ ဒါကြောင့် အကြမ်းဖက်မှုကို နိုင်ငံရေးသမားတွေက အသုံးချအမြတ်ထုတ်တယ်လို့ ဝေဖန်မှုတွေလည်း ပေါ်ပေါက်လာခဲ့ပါ တယ်။

သေဆုံးသူရဲအရာရှိကတော့ လိင်တူချစ်သူတွေအတွက် အခွင့်အရေးရရှိဖို့ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ခဲ့ပြီး အသက် ၃၇နှစ်အ ရွယ် ဇာဗီယာဂျုဂီလီဖြစ်ကြောင်း ပြင်သစ်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)