“မြောက်ကိုရီးယားခြိမ်းခြောက်မှုကိုတုံ့ပြန်ဖို့ သတိပေးချက်ထုတ်မထားကြောင်း တရုတ်ငြင်းဆို”

0
300

မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုအတွက် ပြင်ဆင်ထားတဲ့အနေနဲ့ တရုတ်စစ်တပ်အရာရှိတွေက ခရုဇ်ဒုံးကျည်ပစ်လွှတ်နိုင်တဲ့ ဗုံး ကြဲလေယာဉ်တွေ တပ်ဖြန့်ဖို့အသင့်ပြင်ထားကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် တရုတ်အစိုးရက ငြင်းဆိုထားပါတယ်။

တရုတ်စစ်လေယာဉ်တွေ တပ်ဖြန့်ဖို့အသင့်ပြင်ထားကြောင်း အမေရိကန်ကာကွယ်ရေးအရာရှိတစ်ဦးက ပြောဆိုခဲ့တာဖြစ်ပါတယ်။  အဆိုပါပြင်ဆင်မှုကြောင့် မြောက်ကိုရီးယားရဲ့တိုက်ခိုက်မှုရှိလာချိန်မှာ တပ်ဖြန့်ဖို့ပိုမိုမြန်ဆန်သွားစေမှာဖြစ်ကြောင်း အမေရိကန် အာဏာပိုင်တွေက ယုံကြည်နေကြပါတယ်။

ဒါပေမဲ့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူတွေကတော့ အဆိုပါသတင်းတွေ မှားယွင်းကြောင်း ပြောဆိုခဲ့ပါ တယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးလူကန်က အဆိုပါသတင်းတွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့မရှိကြောင်း ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းက တရုတ်တပ်ဖွဲ့အင်အား တစ်သိန်းခွဲကို မြောက်ကိုရီးယားနယ်စပ်မှာ တပ်ဖြန့်နေရာချထားခဲ့ပါ တယ်။ ဒါ့အပြင် မြောက်ကိုရီးယားရဲ့ကုန်တင်သင်္ဘောကိုလည်း တရုတ်အာဏာပိုင်တွေက ပြန်လွှတ်ခဲ့ပါတယ်။

တရုတ်နိုင်ငံခြား ရေးဝန်ကြီးလူကန်က မြောက်ကိုရီးယားရဲ့ မကြာသေးခင်က နူကလီယားနဲ့ ဒုံးကျည်စမ်းသပ်ချက်တွေအပေါ်မှာ အတော်ကြီး စိုး ရိမ်မကင်းဖြစ်နေရကြောင်း ပြောဆိုခဲ့ပါတယ်။

နောက်ထပ်နူကလီယားလက်နက်စမ်းသပ်ချက်ကို အောင်အောင်မြင်မြင် ပြုလုပ်ခဲ့မယ်ဆိုရင် မြောက်ကိုရီးယားကို စစ်ရေးအရ တိုက်ခိုက်မှုပြုလုပ်ဖို့ အမေရိကန်အစိုးရက စိတ်ပိုင်းဖြတ်ထားကြောင်းသတင်းနဲ့အတူ ဒေသတွင်းကို အမေရိကန်စစ်သင်္ဘောစေ လွှတ်မှုပြုလုပ်ပြီး သမ္မတထရန့်က ပြုံယမ်းအစိုးရကို သတိပေးခဲ့ချိန် ဒေသတွင်းတင်းမာမှုတွေ ပြင်းထန်လာချိန်မှာ တရုတ်အစိုးရ က စစ်ရေးပြင်ဆင်မှုတွေ ပိုမိုပြုလုပ်လာခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးလူကန်က အိမ်ဖြူတော်အနေနဲ့ မြောက်ကိုရီးယားပြဿနာကို ချဉ်းကပ်မှုအပေါ် ငြိမ်းချမ်းတဲ့နည်း လမ်းနဲ့အဖြေရှာမှုအဖြစ် ချီးကျုးပြောဆိုခဲ့ပါတယ်။ သမ္မတထရန့်ကတော့ ယခုလအတွင်းမှာ တရုတ်အစိုးရရဲ့ပူးပေါင်းပါဝင်မှုမရှိ ခဲ့ရင်လည်း မြောက်ကိုရီးယားအရေးကို အမေရိကန်တစ်နိုင်ငံတည်းအနေနဲ့ ဖြေရှင်းသွားမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)