“ဗင်နီဇွဲလား ဆူပူအုံကြွဖျက်ဆီးမှု လူ ၁၀ဦးကျော်သေဆုံး”

0
277

ဗင်နီဇွဲလားနိုင်ငံ၊ မြို့တော်ကာရာကတ်စ်မှာ ဈေးဆိုင်တစ်ခုကို လူစုလူဝေးနဲ့ ၀င်ရောက်ဖျက်ဆီးမှုပြုလုပ်ခဲ့ရာမှာ လူဆယ်ဦးကျော်သေ ဆုံးသွားပါတယ်။

မြို့ခံပြည်သူတစ်ချို့ရိုက်ကူးထားခဲ့တဲ့ ရုပ်သံဖိုင်တွေအရ လုံခြုံရေးတပ်ဖွဲ့တွေဟာ တင့်ကားနဲ့လက်နက်ကြီးတွေ အသုံးပြုပြီး ဆူပူအုံ့ကြွနေတဲ့လူအုပ်စုတွေကို ထိန်းချုပ်နိုင်အောင် ကြိုးစားနေတာကို တွေ့ရှိရပါတယ်။

အတိုက်အခံဆန္ဒပြပွဲအဆုံးသတ်ချိန် မြို့တော်အပြင်ဘက်မှာ အခြားမတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး ပစ်ခတ်ခံ ခဲ့ရပါတယ်။ သမ္မတမာဒူရိုရဲ့ဆိုရှယ်လစ်အစိုးရကို နှစ်ရက်ကြာဆန့်ကျင်ဆန္ဒပြပွဲအပြီးမှာအခုရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့ကလည်းဆန္ဒပြပွဲအတွင်းမှာ လူသုံးဦး အသတ်ခံခဲ့ရပါတယ်။ ကြာသပတေးညပိုင်းမှာဖြစ်ပွား ခဲ့တဲ့ ဆူပူအုံ့ကြွမှုမှာ လူသေဆုံးမှုနဲ့ ပတ်သက်ပြီး ဆန္ဒပြသူတွေကို အာဏာပိုင်တွေက အပြစ်တင်ပြောဆိုခဲ့ပါတယ်။

ဈေးဆိုင်ကို လူစုလူဝေးနဲ့ ၀င်ရောက်ဖျက်ဆီးမှုမှာ နှစ်ဦးပစ်သတ်ခံခဲ့ရပြီး ကျန်ရှစ်ဦးမှာ ဗို့အားမြင့်ဓါတ်ကြိုးကို ၀င်တိုးမိခဲ့တာဖြစ်ပါတယ်။ အစိုးရကတော့ ဒါဟာ အတိုက်အခံတွေရဲ့အဖျက်အမှောက်လုပ်ရပ်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

အတိုက်အခံတွေ ထိန်းချုပ်ထားတဲ့ ပါလီမန်ရဲ့လုပ်ပိုင်ခွင့်အာဏာကို သမ္မတဆီ တရားဝင်လွှဲပြောင်းမယ့် ဥပဒေကို ပြီးခဲ့တဲ့မတ်လ ၂၉ ရက်နေ့မှာ ဗင်နီဇွဲလားနိုင်ငံရဲ့အမြင့်ဆုံးတရားရုံးက ဆုံးဖြတ်လိုက်ပြီးနောက်ပိုင်းမှာ အခုလိုနိုင်ငံအနှံ့ ဆူပူအုံ့ကြွမှုတွေ ဖြစ် ပွားခဲ့တာဖြစ်ပါတယ်။

အဆိုပါတရားရုံးက သုံးရက်အကြာမှာ အာဏာလွှဲပြောင်းတဲ့ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း တရားရုံး ရဲ့ပြင်ဆင်ဆုံးဖြတ်ချက်က ပြည်သူတွေရဲ့ဆန္ဒပြပွဲတွေကို မတားဆီးနိုင်တော့ပါဘူး။

ကမ္ဘာပေါ်မှာ အကြီးမားဆုံးရေနံသိုက်တွေရှိပေမယ့်လည်း ဗင်နီဇွဲလားနိုင်ငံဟာ နှစ်ပေါင်းများစွာကြာအောင် ငွေကြေးဖောင်းပွမှု၊ ရာဇ၀တ်မှုထူပြောမှုနဲ့ အခြေခံစားကုန်ပြတ်လပ်မှုတွေကို ကြုံတွေ့ရင်ဆိုင်နေရပါတယ်။

တနိုင်ငံလုံး ပျံ့နှံနေတဲ့ဆန္ဒပြပွဲတွေဟာ သုံးနှစ်တာကာလအတွင်း အကြီးမားဆုံးဖြစ်လာနေပါတယ်။ ၄င်းဆန္ဒပြပွဲတွေက သမ္မတ မာဒူရိုအပေါ် ဖိအားသက်ရောက်စေခဲ့ပြီး အတိုက်အခံတွေနဲ့ စေ့စပ်ဆွေးနွေးမှုပြုလုပ်ဖို့နဲ့ စီးပွားရေးပြဿနာတွေကို လျော့ချဖို့ တွန်းအားဖြစ်စေခဲ့ပါတယ်။

ရွေးကောက်ပွဲကျင်းပရမယ့်အချိန်က ၂၀၁၉ခုနှစ်မှဖြစ်ပေမယ့်လည်း တိုင်းပြည်ပျက်ဖို့ လက်တလုံးအလို ရောက်နေပြီလို့ အတိုက် အခံနိုင်ငံရေးသမားတွေက ပြောဆိုခဲ့ကြပါတယ်။ ေ

ငွကြေးဖောင်းပွမှုနူန်းကလည်း ယခုနှစ်မှာ ၇၀၀ရာခိုင်နူန်းအထိ မြင့်မားလာခဲ့ ကြောင်း နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့က ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)