“အမေရိကန်မြေပြင်တပ် အိုင်အက်စ်ခေါင်းဆောင်ကို သုတ်သင်သတ်ဖြတ်”

0
300

အမေရိကန်မြေပြင်တပ်ဖွဲ့ဟာ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ခေါင်းဆောင်တစ်ဦးကို ပစ်မှတ်ထားပြီး ဆီးရီးယားနိုင်ငံမှာ ၀င်ရောက် စီးနင်းသတ်ဖြတ်နိုင်ခဲ့ကြောင်း စစ်ဘက်အရာရှိတွေက ပြောကြားခဲ့ပါတယ်။ အဆိုပါတိုက်ခိုက်မှုဟာ ဆီးရီးယားနိုင်ငံအရှေ့ပိုင်း ဒေသရှိ မေယာဒင်မြို့အနီးမှာ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဥဘတ်ကစ္စတန်နိုင်ငံကလို့ ယူဆရတဲ့ အဗ္ဗဒူရာခ်မွန်အူဇဘတ်ကီဟာ အိုင်အက်စ်ခေါင်းဆောင် အဘူဘာအာအဲလ်ဘာဒါဒီနဲ့ နီး စပ်တဲ့ ခေါင်းဆောင်ပိုင်း အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း အမေရိကန်ပြောရေးဆိုခွင့်ရှိသူတွေက ပြောပါတယ်။

အဆိုပါအကြမ်းဖက် သမားဟာ တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့က နိုက်ကလပ်မှာ နှစ်သစ်ကူးအချိန်ကာလအတွင်း ကျုးလွန်ခဲ့တဲ့ လူ ၃၉ဦးသေဆုံး ခဲ့ရတဲ့ အ ကြမ်းဖက်မှုမှာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့တယ်လို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။

တရားခံကို အပြင်းအထန်လိုက်လံဖမ်းဆီးခဲ့ပြီး ဇန်န၀ါရီ ၁၇ရက်နေ့မှာ  တူရကီရဲတပ်ဖွဲ့က ၄င်းအမှုအတွက် အဓိကသံသယ တရားခံ အဗ္ဗဒူလ်ကာဒီရာမရှာရီပေါ့ဗ်ကို ဖမ်းဆီးခဲ့ပါတယ်။

အမေရိကန်နိုင်ငံက အကြမ်းဖက်သမားတွေကို ပစ်မှတ်ထားပြီး မောင်းသူမဲ့လေယာဉ်ကနေ ပစ်ခတ်မှုတွေပဲ ပြုလုပ်မှုများခဲ့ပြီး မြေ ပြင်စစ်ဆင်ရေးပြုလုပ်မှုနည်းပါးခဲ့ပါတယ်။ ဒါပေမဲ့လည်း မြေပြင်စစ်ဆင်ရေးလုံးဝမရှိခဲ့တာမျိုးတော့ မဟုတ်ပါဘူး။

၂၀၁၅ခုနှစ်အ တွင်းက ဆီးရီးယားနိုင်ငံမှာ အိုင်အက်စ်ရဲ့ဘဏ္ဍာရေးခေါင်းဆောင်ဖြစ်သူ အဘူဆာရက်ဖ်ကို မြေပြင်တပ်ဖွဲ့နဲ့ သုတ်သင်ခဲ့သလို  ယခုနှစ် ဇန်န၀ါရီလအတွင်းကလည်း အိုင်အက်စ်အဖွဲ့ဝင်တစ်ဦးကို မြေပြင်တပ်ဖွဲ့နဲ့ ၀င်ရောက်ဖမ်းဆီးသတ်ဖြတ်ခဲ့ပါသေးတယ်။

မြေပြင်တပ်ဖွဲ့အသုံးပြုမှုက ဒရုန်းအသုံးပြုတဲ့ စစ်ဆင်ရေးထက် ပိုပြီးစွန့်စားရတဲ့သဘောဖြစ်ပါတယ်။ ဒါပေမဲ့လည်း တခါတရံမှာ အကြမ်းဖက်သမားတွေရဲ့ ကွန်ပြုတာနဲ့ သတင်းအရင်းအမြစ်တွေကိုပါ မြေပြင်စစ်ဆင်ရေးကနေ ရရှိနိုင်တာကြောင့် အကြမ်းဖက် ၀ါဒတိုက်ဖျက်ရေးမှာ ပိုပြီး အကျိုးရှိတတ်ပါတယ်။

အမေရိကန်အထူးတပ်ဖွဲ့ဝင်တွေဟာ ဆီးရီးယားမှာ အမြဲတမ်း အထူးတပ်ဖွဲ့ဝင် ၅၀၀ခန့် ရှိနေပါတယ်။ အဆိုပါတပ်ဖွဲ့ရဲ့အဓိက စစ် ဆင်ရေးကတော့ အိုင်အက်စ်တွေကို တိုက်ခိုက်တဲ့ ကတ်ဒ်နဲ့ အာရပ်အုပ်စုတွေကို ကူညီပေးဖို့ပဲဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)