တရုတ်နိုင်ငံရဲ့ပထမဆုံးဖြစ်တဲ့ကုန်စည်တွေတင်ဆောင်နိုင်တဲ့ အာကာသယာဉ် ဟာ အာကာသထဲ က အခြေစိုက်စခန်းနဲ့ အောင်မြင်စွာချိတ်ဆက်နိုင်ခဲ့

0
288

 

တရုတ်နိုင်ငံရဲ့ပထမဆုံး လွတ်တင်လိုက်တဲ့ ကုန်စည်တွေသယ်ဆောင်နိုင်တဲ့ အာကာသယာဉ် Tiangong 1 ဟာ အာကာသ ထဲကအခြေစိုက်စခန်း Tiangong 2 နဲ့ ဧပြီလ ၂၂ ရက်နေ့က အောင်မြင်စွာ ချိတ်ဆက်နိုင်ခဲ့တယ်လို့ တရုတ်နိုင်ငံပိုင်မီဒီယာ CCTV က ရုပ်သံနဲ့တကွထုတ်လွှင့်ခဲ့ပါတယ်။

ဒါဟာတရုတ်နိုင်ငံရဲ့ ၂၀၂၂ မတိုင်ခင်လူအမြဲနေထိုင်နိုင်မယ့် အာကာသ အခြေစိုက်စခန်း တည်ဆောက်နိုင်ဖို့ရည်မှန်းချက် နဲ့ပတ်သက်ပြီး အဓိကကျတဲ့လုပ်ဆောင်ချက်တစ်ခုလည်းဖြစ်ပါတယ်။

Tiangong2 လို့ခေါ်တဲ့တရုတ်နိုင်ငံပိုင် အာကာသအခြေစိုက်စခန်းမှာ အာကာသ လေ့လာရေး နဲ့သုတေသနတွေပြုလုပ်နိုင်တဲ့ ဓါတ်ခွဲခန်းလည်းပါဝင်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလက တရုတ်အာကာသယာဉ်မှူးနှစ်ဦးက တစ်လကြာနေထိုင်ပြီးလေ့လာမှုတွေပြုလုပ်ခဲ့တဲ့ နေရာလည်းဖြစ်ပါတယ်။

အဲဒီခရီးစဉ်ဟာ တရုတ်နိုင်ငံအတွက် အာကာသစခန်းမှာ လူတွေ အကြာဆုံးနေထိုင်ပြီး လေ့လာမှုတွေပြုလုပ်နိုင်ခဲ့တဲ့ ခရီးစဉ် လည်းဖြစ်ပါတယ်။

လက်ရှိသွားရောက်ချိတ်ဆက်နိုင်ခဲ့တဲ့ အာကာသယာဉ် Tiangong 1 ဟာ ကုန်စည် ၆ တန်ကိုသယ်ဆောင်နိုင်စွမ်းရှိပြီး လောင်စာ ၂ တန် ပမာဏ ကိုသယ်ဆောင်နိုင်စွမ်းရှိပါတယ်။

တရုတ်နိုင်ငံအနေနဲ့လက်ရှိမှာ စစ်ရေး၊ စီးပွားရေး နဲ့ သိပ္ပံပညာမြှင့်မားရေး ရည်ရွယ်ချက်တွေအတွက်အာကာသ လေ့လာရေးကိုကြိုးပမ်းဆောင်ရွက်နေပေမယ့် အမေရိကန် နဲ့ရုရှားနိုင်ငံ တို့ရဲ့နောက်မှာ နောက်ကျကျန်နေဆဲဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)