သင်္ကြန်အပြီး ထိုင်းကိုပြည်လည်ဝင်ရောက် အလုပ်လုပ်ကိုင်သူတွေ အခက်တွေ့

0
297

သင်္ကြန်ကာလအတွင်း နေရပ်က ပြန်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းနယ်စပ်ဂိတ်တစ်ခု ဖြစ်တဲ့ နမ့်ပကုပ်နယ်စပ်ဂိတ်က  ဖြတ်သန်းခွင့်မပြုတဲ့အတွက် အလုပ်သမားရာပေါင်းများစွာ ထိုင်း-မြန်မာ နယ်စပ်ဘုရားသုံးဆူမှာခရီးကြန့်ကြာနေတာပါ။

အခုလိုအခြေအနေကိုဘုရားသုံးဆူနယ်စပ်ဂိတ်မှတစ်ဆင့်ထိုင်းနိုင်ငံအတွင်းကိုခရီးသည်ပို့ဆောင်ပေးနေတဲ့ လုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေကမျက်မြင်တွေရှိခဲ့တာဖြစ်ပါတယ်။

အခုလိုဖြစ်ရတာဟာ အရင်က ငွေမကောက်တဲ့ ထိုင်းဖက်ခြမ်း ဂိတ်တွေက ဒီနှစ်သင်္ကြန်မှာ ပြန်တဲ့အလုပ်သမားတွေရော ထိုင်းကို ပြန်ဝင်လာတဲ့အလုပ်သမားတွေရော ငွေတောင်းတယ် မပေးတဲ့သူ နယ်စပ်ပြန်ပို့တာကြောင့် ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ငွေကြေးတောင်းခံတဲ့ ဂိတ် လေးခု ရှိပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ဘက်ငွေ ၅၀၀ နီးပါးပေးဆောင်နေရတာပါ။ထိုင်းအစိုးရက ဧပြီလ ၅ရက်မှ ၃၀ရက်နေ့အထိ တရားဝင်နယ်စပ်ဂိတ်တွေမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို သင်္ကြန်ကာလအတွင်း နေရပ်ပြန်နိုင်ရေးအတွက် ၀င်ထွက်သွားလာခွင့်ပြုထားပြီး ငွေကြေးတစ်စုံတစ်ရာ မကောက်ခံဖို့ထုတ်ပြန်ထားပါတယ်။

အခုအချိန်အခါဟာသင်္ကြန်ပြီးကာလဖြစ်တဲ့အတွက် နယ်စပ်ဂိတ်တွေကနေ ထိုင်းနိုင်ငံအတွင်းကို ပြန်လည် ၀င်ရောက်လာကြတာဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြ၀တီတံတားကနေ ဝင်ရောက်သူတွေကအများဆုံးဖြစ်နေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)