တောင်အာဖရိကမှာ ဘတ်စ်ကားတိုက်မှုကြောင့် လူ ၂၀ သေဆုံး၊ သေဆုံးသူအများစုမှာ ကလေးငယ်တွေဖြစ်

0
283

 

တောင်အာဖရိကနိုင်ငံရဲ့မြို့တော် ပရီတိုးရီးယားမြို့အပြင်ဖက်မှာ ဘတ်စ်ကားတိုက်မှုဖြစ်ပွားခဲ့ပြီး လူ၂၀ သေဆုံးခဲ့ပါတယ်။

သေဆုံးသူအများစုဟာ ကျောင်းက ပြန်လာတဲ့ မူကြိုနဲ့ မူလတန်းအရွယ် ကလေးငယ်တွေဖြစ်ပါတယ်။

အဲဒီ ဘတ်စ်ကားဟာ ကုန်တင်ကားတစ်စီး နဲ့တိုက်မိခဲ့တာဖြစ်ပြီး တိုက်ပြီးပြီးချင်းမှာပဲ ပြင်းပြင်းထန်ထန် မီးလောင်ကြွမ်းမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဘတ်စ်ကားမီးလောင်ကြွမ်းမှုဖြစ်ပွားနေစဉ်မှာပဲ လမ်းသွားလမ်းလာတွေဟာ ကလေးငယ်တွေကိုဆွဲထုတ်ဖို့ကြိုးစားခဲ့ကြပါတယ်။

မီးလောင်ကြွမ်းမှုကြောင့် ဘတ်စ်ကားဒရိုင်ဘာလည်းသေဆုံးခဲ့ပြီး ကလေးငယ်ခုနှစ်ယောက်မှာ လည်းအသေးစားဒဏ်ရာတွေအပြင်ပင်းထန်တဲ့ဒဏ်ရာရရှိမှုတွေကြောင့်နီးစပ်ရာဆေးရုံတွေမှာပို့ဆောင်ထားတယ်လို့တာဝန်ရှိသူတွေကဆိုပါတယ်။ လက်ရှိမှာ အဲဒီ ယာဉ်တိုက်မှုကိုစုံစမ်းစစ်ဆေးနေပြီး အဲဒီနေ့ဟာ တိုင်းပြည်ရဲ့အမှောင်နေ့ရက်ဖြစ်တယ်လို့ ဆောင်အာဖရိကနိုင်ငံ က ပညာရေးဝန်ကြီးဌာနရဲ့တာဝန်ရှိသူတွေက ဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)