ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ် MH 370 ရဲ့အစိတ်အပိုင်းတချို့ကိုထပ်မံတွေ့ရှိ

0
286

ပျောက်ဆုံးနေတဲ့မလေးရှားလေယာဉ် MH370 ရဲ့အစိတ်အပိုင်းလို့ယူဆရတဲ့ လေယာဉ် အစိတ်အပိုင်း
အချို့ကိုပင်လယ်ထဲမှာ ထပ်မံ ရှာဖွေတွေ့ရှိခဲ့တယ်လို့ သြစတေးလျအစိုးရရဲ့သိပ္ပံပညာရှင်အဖွဲ့ ကပြောဆိုလိုက်ပါတယ်။

MH30 လို့အမည်ရတဲ့ အဲဒီလေယာဉ်ကို  သြစတေးလျ နဲ့ မလေးရှားအစိုးရတို့က ပူးပေါင်းရှာဖွေနေခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်န၀ါရီလ ကရှာဖွေမှုကိုရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

အခုရှာဖွေတွေ့ရှိခဲ့တဲ့ လေယာဉ်အစိတ်အပိုင်းတွေဟာ ၂၀၁၅ ခုနှစ်က အာဖရိကကမ်းရိုးတန်းမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ MH370 လေယာဉ်အစိတ်အပိုင်းတွေနဲ့တူညီမှုရှိနေတယ်လို့ CSIRO လို့ခေါ်တဲ့ စက်မှုဆိုင်ရာသုတေသန နှင့်လေ့လာရေးအဖွဲ့က ဆိုပါတယ်။

အစက အဲဒီ MH 370 လေယာဉ်ကိုရှာဖွေစဉ်က အကျယ်အ၀န်းပမာဏဟာ ၁၂၀၀၀၀ စတုရန်းကီလိုမီတာ ရှိပေမယ့်အခုထပ်မံရှာဖွေတွေ့ရှိတဲ့ အဲဒီလေယာဉ်အစိတ်အပိုင်းတွေကြောင့် ပျောက်ဆုံးလေယာဉ်ကို ရှာဖွေနိုင်မယ့် ဧရိယာ ဟာပိုမိုသေးငယ်သွားခဲ့ပြီး ၂၅၀၀၀ စတုရန်းကီလိုမီတာ ပဲရှိတော့မှာဖြစ်ပါတယ်။

လူပေါင်း ၂၃၉ ယောက် တင်ဆောင်လာတဲ့ မလေးရှားလေကြောင်းပိုင်  MH370 လေယာဉ်ဟာ ၂၀၁၄ ခုနှစ် မတ်လ ၈ ရက်နေ့မှာ ကွာလာလမ်ပူကနေ ဘေဂျင်းမြို့ တော်ကို ပျံသန်းတဲ့ခရီးစဉ်မှာ ပျောက်ဆုံး
နေခဲ့တာဖြစ်ပြီး အခုချိန်ထိရှာမတွေ့ပဲအထူးဆန်းဆုံး လေယာဉ်ပျောက်ဆုံးမှုဖြစ်နေခဲ့တာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)