စပိန်နိုင်ငံမှာ (COVID19) ရောဂါကြောင့် သေဆုံးသူ ၁,၇၀၀ ကျော် ရှိလာ

0
376

စပိန်နိုင်ငံမှာ Coronavirus (COVID19) ရောဂါကြောင့် စနေနေ့က သေဆုံးသူ ၁,၃၂၆ ကျော်ရှိရာကနေ တနင်္ဂနွေမှာတော့ ၁၇၂၀ အထိမြင့်တက်သွားခဲ့ကြောင်း စပိန် ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

တစ်ရက်တည်းမှာတင် (COVID19) ကြောင့် သေဆုံးသူ ၃၉၄ ဦးအထိရှိခဲ့တာဖြစ်ပြီး စနေနေ့တစ်ရက်တည်း သေဆုံးမှု ၃၂၄ ဦးထက်ကို ပိုမိုများလာတာဖြစ်ကာ အီတလီနိုင်ငံပြီးရင် စပိန်နိုင်ငံဟာ (COVID19) ရဲ့ ဒဏ်ကို ဥရောပတိုက်မှာ ဒုတိယ အဆိုးယွားဆုံးခံစားနေတဲ့အကြောင်း ရိုက်တာသတင်းက ဖော်ပြတာပါ။

ရောဂါကူးစက်မှု အပိုင်းမှာဆိုရင်လည်း စနေနေ့က ထုတ်ပြန်ခဲ့တဲ့ စာရင်းအရ ၂၄,၉၂၆ ဦး ရှိရာက တနင်္ဂနွေနေ့မှာတော့ ၂၈,၅၇၂ အထိ မြင့်တက်လာတာကို တရားဝင်သတင်းထုတ်ပြန်ချက်တွေမှာ တွေ့ရတာပါ။

အဲ့ဒီလို ရောဂါကူးစက်ခံရသူတွေထဲက လူနာ ၁,၇၈၅ ဦး ကို ကိုအထူးကြပ်မတ်စောင့်ရှောက်မှု ICU ယူနစ် များစွာမှာ ကုသပေးနေတာဖြစ်ပါတယ်။

စပိန်နိုင်ငံမှာ Coronavirus (COVID19) ရောဂါကြောင့် စနေနေ့က သေဆုံးသူ ၁,၃၂၆ ကျော်ရှိရာကနေ တနဂင်ေ္နွမှာတော့ ၁၇၂၀ အထိမြင့်တက်သွားခဲ့ကြောင်း စပိန် ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

တစ်ရက်တည်းမှာတင် (COVID19) ကြောင့် သေဆုံးသူ ၃၉၄ ဦးအထိရှိခဲ့တာဖြစ်ပြီး စနေနေ့တစ်ရက်တည်း သေဆုံးမှု ၃၂၄ ဦးထက်ကို ပိုမိုများလာတာဖြစ်ကာ အီတလီနိုင်ငံပြီးရင် စပိန်နိုင်ငံဟာ (COVID19) ရဲ့ ဒဏ်ကို ဥရောပတိုက်မှာ ဒုတိယ အဆိုးယွားဆုံးခံစားနေတဲ့အကြောင်း ရိုက်တာသတင်းက ဖော်ပြတာပါ။

ရောဂါကူးစက်မှု အပိုင်းမှာဆိုရင်လည်း စနေနေ့က ထုတ်ပြန်ခဲ့တဲ့ စာရင်းအရ ၂၄,၉၂၆ ဦး ရှိရာက တနဂင်ေ္နွနေ့မှာတော့ ၂၈,၅၇၂ အထိ မြင့်တက်လာတာကို တရားဝင်သတင်းထုတ်ပြန်ချက်တွေမှာ တွေ့ရတာပါ။

အဲ့ဒီလို ရောဂါကူးစက်ခံရသူတွေထဲက လူနာ ၁,၇၈၅ ဦး ကို ကိုအထူးကြပ်မတ်စောင့်ရှောက်မှု ICU ယူနစ် များစွာမှာ ကုသပေးနေတာဖြစ်ပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)