COVID-19 ကမ္ဘာတဝှမ်း ကူးစက် သေဆုံးမှု နောက်ဆုံး အခြေအနေ

0
260

ဒီကနေ့ မတ်လ ၂၂ ရက် မနက်ပိုင်း ၉ နာရီခွဲ အချိန်အထိ ကမ္ဘာတဝှမ်း နိုင်ငံပေါင်း ၁၇၁ နိုင်ငံမှာ Coronavirus (COVID-19) ကူးစက်ခံရသူ 307,104 ဦး အထိရှိလာနေပြီး 13,044 ဦးအထိ အသက်ဆုံးရှုံးခဲ့ကြပြီး ဖြစ်ကြောင်း Johns Hopkins University ရဲ့ သုတေသနစစ်တမ်းက ဖော်ပြနေပါတယ်။

(COVID-19) ရဲ့ ကူးစက်မှုအန္တရာယ်ကို အဆိုးဆုံးခံစားနေရတာတော့ အီတလီနိုင်ငံဖြစ်ပြီး ဒီကနေမနက် ရရှိခဲ့ ကိန်းဂဏန်း အချက်အလက်တွေအရ ကူးဆက်ခံရသူ 53,578 ဦးရှိကာ သေဆုံးသူ 4,825 ဦးအထိ ရှိလာနေတာပါ။

လေ့လာစောင့်ကြည့်မှု စစ်တမ်းအချက်အလက်တွေအရ အမေရိကန်ပြည်ထောင်စုမှာဆိုရင်လည်း ကူးဆက်ခံရသူ 26,138 ဦးရှိကာ သေဆုံးသူ 336 ဦး ရှိလာခဲ့ပြီဖြစ်ပါတယ်။ စပိန်နိုင်ငံမှာဆိုရင်လည်း ကူးဆက်ခံရသူ 15496 ဦးရှိကာ သေဆုံးသူ 1381 ဦး ရှိခဲ့ပြီဖြစ်ပါတယ်။ ဂျာမနီမှာဆိုရင်လည်း ကူးဆက်ခံရသူ 22364 ဦးရှိပြီး ၈၄ ဦး ရှိခဲ့တာပါ။ ဗြိတိန်မှာဆိုရင်တော့ ကူးဆက်မှုပေါင်း 5067 ခုနဲ့ သေဆုံးသူ 233 ဦး ရှိနေပြီဖြစ်ပါတယ်။

ရောဂါစတင်ဖြစ်ပွားရာ တရုတ်နိုင်ငံအတွင်းမှာတော့ ရောဂါကူးစက်မှုပေါင်း 81334 ခုအထိ အမြင့်ဆုံးရှိခဲ့ပြီး လူပေါင်း 3265 ဦး သေဆုံးခဲ့ကာ လက်ရှိအခြေအနေမှာတော့ ကူးဆက်မှုနှုန်းတွေနဲ့ သေဆုံးမှုနှုန်းတွေပါ ဆက်တိုက် ကျဆင်းနေပြီဖြစ်သလို ရောဂါကူးဆက်ခံရသူတွေထဲက လူပေါင်း 72354 ဦးလည်း ပြန်လည်ကျန်းမာလာတဲ့ အခြေအနေရှိနေပါတယ်။

မြန်မာနိုင်ငံသားတွေ အများအပြားရောက် နေထိုင်နေကြတဲ့ ထိုင်းနိုင်ငံမှာတော့ ရောဂါကူးစက်မှုပေါင်း 411 ရှိပြီး အဲ့ဒီထဲမှာ မြန်မာနိုင်ငံသား ၂ ဦးလည်း ပါဝင်နေတာပါ။ ထိုင်းနိုင်ငံမှာ သေဆုံးသူ ၁ ဦးရှိပြီး ၄၂ ဦးက ပြန်လည်ကျန်းမာလာတဲ့ အခြေအနေရှိနေပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)