ပဋိဇီဝ ဆေးကုထုံးနဲ့ (COVID-19) ကာကွယ်ထိုးဆေး ဖော်စပ်နိုင်ဖို့ လုပ်နေဟုဆို

0
241

ပဋိဇီဝ ဆေးကုထုံးနဲ့ Coronavirus (COVID-19) ကာကွယ်ထိုးဆေးတွေ ဖော်စပ်ထုတ်လုပ်နိုင်ဖို့ ဆေးဝါးကုမ္ပဏီတွေနဲ့အတူ လက်တွဲ အလုပ်လုပ်နေတယ် အမေရိကန်အစိုးရက ပြောကြားလိုက်ပါတယ်။

Coronavirus (COVID-19) ကူးစက်ခံရသူ ၁ သောင်းကျော်အထိ ရှိလာနေတဲ့ အမေရိကန်ပြည်ထောင်စုမှာ အများဆုံးကူးစက်မှုဒဏ် ခံစားနေရတဲ့ နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး Cuomo က မတ်လ ၂၁ ရက်နေ့က လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

အဲ့ဒီသတင်းစာရှင်းလင်းပွဲမှာပဲ ပြင်သစ်မှာ အလားအလာကောင်းခဲ့တဲ့ ပဋိဇီဝဆေးနဲ့ ငှက်ဖျားရောဂါဆေးကို ရောစပ်ပြီး COVID-19 ရောဂါကို စမ်းသပ်ကုသတဲ့ကုထုံးကို အသုံးပြုသွားမယ်လို့လည်း သူက ပြောပါတယ်။

ဒီလိုကုသဖို့ ဆေးရုံတွေ၊ ဆရာဝန်တွေ၊ လူနာရှင်တွေနဲ့ တိုင်ပင်ပြီး အသုံးပြုသွားမှာ ဖြစ်ကာ ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာမယ်ဆိုတာ စောင့်ကြည့်သွားမယ်လို့ Cuomo က ပြောတာပါ။

အမေရိကန်ပြည်ထောင်စုက Coronavirus ကူးစက်ခံနေရသူ လူနာတွေကို ငှက်ဖျားရောဂါနဲ့ အဆစ်အမြစ်ကိုက်ခဲတဲ့ ဝေဒနာတွေကို ကုသရာမှာ အသုံးပြုတဲ့ Hydroxy Chloroquine ဆေးကို အသုံးပြု ကုသသွားမယ်လို့ သမ္မတ Donald Trump ပြောကြားပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)