နာမည်ကျော် သိပ္ပံပညာရှင် စတိဖင်ဟော့ကင်း အာကာသထဲ သွားမယ်

0
332

ကမ္ဘာ့သိပ္ပံလောကမှာ အထင်ရှားဆုံးပါမောက္ခတစ်ဦးဖြစ်တဲ့ စတိဖင်ဟော့ကင်းဟာ မကြာခင်မှာ သူ့ရဲ့အကြီးမားဆုံးအိပ်မက်ကို အကောင်အထည်ဖော်ခွင့်ရရှိမှာဖြစ်ပြီး အာကာသထဲကို စွန့်စွန့်စားစားသွားရောက်မှာဖြစ်ပါတယ်။

ဗြိတိန်မင်္ဂလာနံနက်ခင်း ရုပ်သံအစီအစဉ်နဲ့ တွေ့ဆုံမေးမြန်းမှုမှာ ဟော့ကင်းကအခုလိုပြောဆိုခဲ့တာပါ။ အခုခရီးစဉ်မှာ ဟော့ကင်းဟာ ကိုယ်အလေးချိန်မဲ့မှုကို ခံစားရမှာဖြစ်ပါတယ်။ ဒါပေမဲ့ဒီအတွေ့အကြုံက သူ့အတွက် ပထမဆုံး အတွေ့အကြုံတော့မဟုတ်ပါဘူး။

၂၀၀၇ခုနှစ်က အထူးပြုလုပ်ထားတဲ့ ဘိုးရင်းလေယာဉ်ထဲမှာ ကိုယ်အလေးချိန်မဲ့တဲ့ခံစားမှုကို သူပထမဆုံးအကြိမ် ခံစားခဲ့ဖူးပါတယ်။ ဆာရစ်ချက်ဘရန်ဆန်က သူ့အနေနဲ့ သီအိုရီရှုပဒေဗပညာရှင် စတီဖင်ဟော့ကင်းကို အာကာသထဲခေါ်ဆောင်သွားချင်တဲ့အ ကြောင်း ၂၀၀၅ ခုနှစ်ကတည်းက ပြောဆိုခဲ့တာပါ။

တကယ်လို့သာ ဟော့ကင်းရဲ့ကျန်းမာရေးအခြေအနေက ခွင့်ပြုမယ်ဆိုရင် သူ့အနေနဲ့ မေတ္တာလက်မှတ်ပေးပြီး ခေါ်ဆောင်သွားပါမယ်လို့ ဆာရစ်ချက်ဘရန်ဆန်က ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဗားဂျင်းဂဲလ်လက်တစ်ရဲ့ ခုံတစ်နေရာစာက အမေရိကန်ဒေါ်လာ နှစ်သိန်းခွဲကုန်ကျစားရိတ်ရှိပါတယ်။

အာကာသထဲရောက်ချိန်မှာ အာကာသခရီးသည်အနေနဲ့ ကိုယ်အလေးချိန်မဲ့မှုကို ခံစားရမှာဖြစ်ပြီး ကမ္ဘာမြေကိုလည်း အာကာသယာဉ်ပေါ်ကနေ မိနစ်အတန် ကြာ ကြည့်ရှုခွင့်ရမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)