ခွဲစိတ် လိင်ပြောင်းလိုက်တဲ့ မုဒိမ်းသမားကို အမျိုးသမီးထောင် ရွှေ့ပြောင်း

0
309

အင်္ဂလန်နိုင်ငံမှာ မုဒိမ်းမှုနဲ့ ထောင်ဒဏ် ကျခံနေရသူ တစ်ဦးဟာ အမျိုးသမီးတစ်ဦးအဖြစ် ခွဲစိတ်ပြောင်းလဲပြီးနောက် အမျိုးသမီးထောင်ကို ရွှေ့ပြောင်း ပို့ဆောင်လိုက်ပါတယ်။

HMP ဘရွန်းဇ်ဖီးလ် အမျိုးသမီး အကျဉ်းထောင်

အခု ဂျက်ဆီကာ ဝင်းဖီးလ်လို့ အမည်ပြောင်းလိုက်တဲ့ မာတင် ပွန်းတင်းကို အက်ရှ်ဖို့ဒ်မှာ ရှိတဲ့ အမျိုးသမီး အကျဉ်းထောင် ဖြစ်တဲ့ HMP ဘရွန်းဇ်ဖီးလ် အကျဉ်းထောင်ကို ပြောင်းရွှေ့လိုက်တာပါ။

မုဒိမ်းမှုနဲ့ ထောင်ဒဏ်ချခံရတဲ့ ပွန်းတင်းကို ကိန်းဘရစ်ခ်ျ ရှိုင်းယားမှာ ရှိတဲ့ လုံခြုံရေး အတင်းကျပ်ဆုံး ဖြစ်တဲ့ ဝှိုက်တ်မူးရ် အကျဉ်းထောင်မှာ ထားတာပါ။

လိင်ပြောင်းခွဲစိတ်မှု အဆင့်ဆင့် ခံယူနေစဉ် ကာလအတွင်း ထောင်ဝန်ထမ်းတွေနဲ့ ထောင်းသားတွေရဲ့ အနိုင်ကျင့်မှုကို ခံရတယ်လို့ ဂျက်ဆီကာ ဝင်းဖီးလ်က တိုင်တန်းခဲ့ပါတယ်။

ထောင်သတင်းစာဖြစ်တဲ့ Inside Time သတင်းစာမှာ ဂျက်ဆီကာ ဝင်းဖီးလ်က သူ့လိင်ပြောင်းမှုကြောင့် အခက်အခဲဆုံးအချိန်တွေ ကြုံရကြောင်း၊ နားလည်မှု မရှိခဲ့ကြောင်း ရေးခဲ့ပါတယ်။

ဒါပေမယ့် ဝင်းဖီးလ် တဖြစ်လဲ ပွန်းတင်းရဲ့ သားကောင် ဖြစ်ခဲ့ရတဲ့ အမျိုးသမီး တစ်ဦးကတော့ လိင်ပြောင်းလည်းပဲ မကောင်းဆိုးဝါး ဖြစ်နေမှာပဲ လို့ ပြောပါတယ်။ သူမက ပြောစရာ စကားတောင် မရှိပါဘူး၊ သူ့လုပ်ရပ်ဟာ အင်မတန်ဆိုးဝါးလွန်းပါတယ်၊ ရုပ်သာ ပြောင်းသွားမယ် သူ့ဦးနှောက်ကတော့ အတူတူပါပဲလို့ ပြောဆိုခဲ့ပါတယ်။

ထောင်ကျနေစဉ် လိင်ပြောင်းတာ ဝင်းဖီးလ်က ပထမဆုံးတော့ မဟုတ်ပါဘူး။ တက္ကစီမောင်းသူ အမျိုးသမီးကို ပြန်ပေးဆွဲ သတ်ဖြတ်ပြီး တစ်သက်တစ်ကျွန်းကျနေသူ ဂျွန် ဖီလ်လီဆိုကလည်း ၁၉၉၉ မှာ လိင်ပြောင်းဖို့ ခွင့်ပြုချက် ရရှိပြီး အင်္ဂလန်နဲ့ ဝေးလ်မှာ ပထမဆုံး လိင်ပြောင်းတဲ့ အကျဉ်းသား ဖြစ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)