ဆီလီကွန် ထည့်သွင်းမှု ရင်သားကင်ဆာ ဖြစ်နှုန်းကို မြင့်တက်စေ

0
472

အမျိုးသမီးတွေ ရင်သားကြီးထွား လှပအောင် ဆီလီကွန် ထည့်သွင်းတာဟာ ရင်သားကင်ဆာ ဖြစ်နှုန်းကို မြင့်တက်စေတယ်ဆိုတာ သုတေသီတွေက တွေ့ရှိခဲ့ကြပါတယ်။

ရင်သားမှာ ဆီလီကွန် ထည့်သွင်းထားတဲ့ အမျိုးသမီး ၃၅၀ ကိုလေ့လာရာမှာ သူတို့ဟာ ရှားပါးပြီး ကုသဖို့ ခက်တဲ့ ရင်သားကင်ဆာ လက္ခဏာတွေကို တွေ့ခဲ့ကြပါတယ်။ အဲဒီထဲက ၉ ဦးဟာ သေဆုံးခဲ့ပြီဖြစ်ပြီး ရင်သား ဆီလီကွန် ထည့်သွင်းမှုနဲ့ ဆက်စပ်နေကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။

ယူကေရှိ ဆေးဝါး၊ ကျန်မာရေး စောင့်ရှောက်မှု ထုတ်ကုန် ကွပ်ကဲရေး အေဂျင်စီက (MHRA) တော့ ဆီလီကွန် ထည့်သွင်းခြင်းနဲ့ ရင်သားကင်ဆာ အဆက်အစပ်ကို အတည်ပြုဖို့အတွက် အမေရိကန်နဲ့ ပြင်သစ်က သုတေသီတွေရဲ့ လေ့လာမှု ရလဒ်ကို စောင့်ကြည့်နေပါတယ်။

သုတေသန ရလဒ်တွေကို စောင့်ကြည့်နေပြီး လိုအပ်လာရင် ထိန်းချုပ် ကန့်သတ်မှုတွေ လုပ်မယ်လို့ MHRA ရဲ့ ပြောခွင့်ရ ပဂ္ဂိုလ်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)