IS ခေါင်းဆောင်ဟာ ခါးသီးတဲ့ အဆုံးသတ်နဲ့ ကြုံရမယ်လို့ ဗြိတိသျှ ဗိုလ်ချုပ်ကြီး သတိပေး

0
276

IS စစ်သွေးကြွ အကြမ်းဖက် ခေါင်းဆောင် အဘူ ဘာကာ အယ်လ် ဘက်ဂဒါဒီဟာ စစ်တလင်းမှာ ခါးသီးတဲ့ အဆုံးသတ်နဲ့ ကြုံရမှာ ဖြစ်တယ်လို့ ဗြိတိသျှ ဗိုလ်ချုပ်ကြီးက ပြောဆိုလိုက်ပါတယ်။

အကြမ်းဖက် နှိမ်နင်းရေး တပ်ဖွဲ့နဲ့ မဟာမိတ်တွေဟာ ဘက်ဂဒါဒီကို မြေလှန်ရှာနေပြီ ဖြစ်ပါတယ်။

IS ခေါင်းဆောင် ဘက်ဂဒါဒီဟာ တခြားသော သူ့အပေါင်းအဖော်တွေလိုပဲ စစ်တလင်းမှာ အသတ်ခံရမှာ ဖြစ်တယ်လို့ အမေရိကန် ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့ရဲ့ ဒု စစ်ဆင်ရေးမှူး ဗိုလ်ချုပ်ကြီး ရူပါ့တ် ဂျုန်းစ်က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

IS အဖွဲ့မှာ ရှိနေတဲ့ ဗြိတိသျှနိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသား တွေဟာလည်း ခြေမှုန်းခံရမယ်လို့ သူက ကြုံးဝါးထားပါတယ်။

ဘက်ဂဒါဒီ အီရတ်ကိုပဲလာလာ၊ ဆီးရီးယားကိုပဲ လာလာ ပစ်မှတ်ထားခံရမှာဖြစ်တယ်၊ ကျွန်ုပ်တို့က သတ်မှာဖြစ်တယ်လို့လည်း သူက သတိပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်အတွင်း တိုက်ပွဲတွေကြားမှာ IS ကို ထောက်ခံတဲ့ ဗြိတိသျှ နိုင်ငံသား ဂျီဟတ် စစ်သွေးကြွ ၁၃၀ အသတ်ခံရပြီး ဖြစ်ပါတယ်။ လောလောဆယ် IS ထဲမှာ ဗြိတိသျှ နိုင်ငံသား ၄၀၀ လောက် ရှိနေဦးမယ်လို့ ခန့်မှန်းရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)