မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်ချက် အသစ် မအောင်မြင်

0
287

ဒီကနေ့ မတ်လ ၂၂ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်ချက်အသစ် မအောင်မြင်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

အခုစမ်းသပ်ချက်ကို ဂျပန်နိုင်ငံရှိ အမေရိကန် စစ်အခြေစိုက်စခန်းကို တိုက်ခိုက်ဖို့အတွက် လေ့ကျင့်နေကြောင်း ဗြောင်ပြောဆိုပြီး ဒုံးကျည်လေးစင်းကို မြောက်ကိုရီးယားနိုင်ငံကနေ ဂျပန်ပင်လယ်ပြင်ထဲ ပစ်လွှတ်ခဲ့မှုနောက်ပိုင်း ရက်သတ္တပတ်နှစ်ပတ် အကြာမှာ အခုလို ဒုံးကျည်စမ်းသပ်ချက်အသစ်ကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါစမ်းသပ်ချက်မှာ အသုံးပြုခဲ့တဲ့ ဒုံးကျည်အမျိုးအစားကိုတော့ ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုဖော်ပြခဲ့ခြင်းမရှိပါဘူး။
ဒီကနေ့ နံနက်ပိုင်းမှာ မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်ပစ်ခတ်မှုတွေရှိခဲ့ပုံရတယ်လို့ တောင်ကိုရီးယား အစိုးရပိုင်းမှ အမည်မဖော် လိုသူတစ်ဦးက ဆိုပါတယ်။

အဆိုပါဒုံးကျည်တွေဟာ မြောက်ကိုရီးယားနိုင်ငံ အရှေ့ပိုင်းကနေ ပစ်လွှတ်ခဲ့ပုံရကြောင်းလည်း ဂျပန်သတင်းဌာန ကျိုဒိုက ဖော်ပြသွားခဲ့ပြီး ပစ်လွှတ်မှု မအောင်မြင်ကြောင်းလည်း ဖော်ပြခဲ့ပါတယ်။

ယခုလအစောပိုင်းမှာ မြောက်ကိုရီးယားနိုင်ငံက နျူကလီယားတပ်ဆင်ထားတဲ့ တာဝေးပစ်ဒုံးကျည်လေးစင်းကို ပစ်ခတ်ခဲ့ပြီး ဒုံးကျည်သုံးစင်းက အမေရိကန်ရဲ့မဟာမိတ် ဂျပန်နိုင်ငံအနီးမှာ ကျရောက်ခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံကို အမြဲရန်စသလိုဖြစ်ခဲ့ပြီး ကျုးကျော်ဖို့ အစပျိုးနေတာလို့ ကင်ဂျုံအန်းက ရှုမြင်ထားတဲ့ တောင်ကိုရီးယား နဲ့ အမေရိကန်နိုင်ငံတို့ နှစ်စဉ်ပြုလုပ်နေကျဖြစ်တဲ့ ကြီးမားလှတဲ့ စစ်ရေးပူးတွဲလေ့ကျင့်မှု ပြုလုပ်ချိန်မှာ ပြုံယမ်းအစိုးရက အဆိုပါဒုံး ကျည်လေးစင်းကို ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)