လက်တော့ပ်တွေ လေယာဉ်ပေါ် သယ်ဆောင်ခွင့် အမေရိကန်နဲ့ ဗြိတိန် ပိတ်ပင်

0
310

အမေရိကန်ပြည်ထောင်စု အတွင်းမှာ လေကြောင်းလိုင်း ခရီးသွားတွေအပေါ် တားမြစ်မှုတစ်ခု ပိတ်ပင်လိုက်ပြီးနောက် ဗြိတိန်နိုင်ငံမှာလည်း မနေ့က ၂၁ ရက်နေ့က တူရကီ၊ လက်ဘနွန်၊ ဂျော်ဒန်၊ အီဂျစ်၊ တူနီးရှားနဲ့ ဆော်ဒီအာရေးဗီးယား စတဲ့ အရှေ့အလယ်ပိုင်း နိုင်ငံ ၆ နောက်နိုင်ငံက လာမယ့် သူတွေကို လျှပ်စစ်ပစ္စည်း သယ်ဆောင်မှု ကန့်သတ်လိုက်ပါတယ်။

အဲဒီ ကန့်သတ်နိုင်ငံ ၆ နိုင်ငံက ခရီးသည်တွေ ကို လက်ပ်တော့ ၊ကင်မရာ၊ တက်ပလက် စတဲ့ မိုဘိုင်းဖုန်းထက် ကြီးမားတဲ့ လျှပ်စစ်ပစ္စည်းတွေကို မိမိတို့နဲ့အတူ တပါတည်း သယ်ဆောင်ခွင့်ကို ပိတ်ပင်လိုက်တာပဲဖြစ်ပါတယ်။

ဒီလို ပိတ်ပင်တာဟာ ခရီးသည်တင် လေယာဉ်တွေကို အကြမ်းဖက်အုပ်စုတွေက ပစ်မှတ်ထားပြီး နောက်ထပ် တိုက်ခိုက်လာနိုင်တယ်ဆိုတဲ့ အချက်တွေ တွေ့ရှိထားမှုကြောင့် ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာလည်း ပြီးခဲ့တဲ့ နေ့က နိုင်ငံ ၁၀ နိုင်ငံကို ဒီလိုကြေညာချက် တစ်ခု ထုတ်ပြန်ခဲ့ပြီး ဒါဟာ ခရီးသည်တွေ လုံခြုံစိတ်ချစွာ ခရီးသွားနိုင်ရေးအတွက် ရှေးရှုပြီး ညွှန်ကြားချက်အသစ် ထုတ်ပြန်တာဖြစ်တယ်လို့ ၀န်ကြီးချုပ်ထရီဇာမေရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)