ကမ္ဘာ့စွန့်ပစ်ရေကို ပြန်သုံးနိုင်ကြောင်း ကုလပြော

0
264

ကမ္ဘာ့ရေပြတ်လပ်မှု အခက်အခဲကို ဖြေရှင်းဖို့အတွက် သဘာဝတ်ဝန်းကျင်ကို ထိန်းသိမ်းရာ ရောက်တဲ့အပြင် ထိရောက်တဲ့ ဖြေရှင်းနည်း တစ်ခုအနေနဲ့ ကမ္ဘာ့စွန့်ပစ်ရေထုကို ပြန်လည်သန့်စင် သုံးစွဲနိုင်ကြောင်း ကုလသမဂ္ဂအဖွဲ့က ဒီကနေ့ မတ်လ ၂၂ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

“စွန့်ပစ်ရေတွေကို ပြန်လည်သန့်စင်တဲ့ စီမံခန့်ခွဲမှုတွေ တိုးတက်မှုကနေ ပေါ်ပေါက်လာတဲ့ ဒီအခွင့်အရေးကို လျစ်လျူမရှုသင့်ပါဘူး ”လို့ ကမ္ဘာ့ရေနေ့ထုတ်ပြန်ချက်မှာ ပါဝင်လုပ်ဆောင်ခဲ့တဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်တဲ့ ယူနက်စကို အဖွဲ့ရဲ့ အထွေထွေညွှန်ကြားရေးမှူး အီရီနာဘိုကိုဗာက ပြောဆိုခဲ့ပါတယ်။

သဘာဝတရားက ပြန်လည်ဖြည့်တင်းနိုင်တဲ့ ပမာဏထက်ပိုတဲ့ ရေချိုတွေကို ဆယ်စုနှစ်နဲ့ချီပြီး ကမ္ဘာ့လူသားတွေက အသုံးပြုခဲ့ကြပါတယ်။
ဒါကြောင့် အချို့ဒေသတွေမှာ ငတ်မွတ်မှု၊ ရောဂါထူပြောမှု၊ ပဋိပက္ခနဲ့ ရွှေ့ပြောင်းအခြေချမှုတွေ ဖြစ်ပေါ်လာစေခဲ့ပါတယ်။

လက်ရှိအချိန်မှာ ကမ္ဘာ့လူဦးရေရဲ့ သုံးပုံနှစ်ပုံဟာ တစ်နှစ်မှာတစ်ကြိမ် ရေချိုရှားပါးတဲ့ ဇုံတွေမှာ နေထိုင်နေကြရပါတယ်။
အဆိုပါရေပြတ်လပ်သူပမာဏရဲ့ ထက်ဝက်ခန့်က အိန္ဒိယနဲ့ တရုတ်နိုင်ငံမှာ နေထိုင်သူတွေပဲ ဖြစ်ပါတယ်။

လာမယ့်ဆယ်စုနှစ်မှာ ရေအရင်းအမြစ်ပြဿနာက ကမ္ဘာ့ထိပ်တန်းပြဿနာတစ်ရပ် ဖြစ်လာဖွယ်ရှိကြောင်း မနှစ်ကပြုလုပ်ခဲ့တဲ့ ကမ္ဘာ့စီပွားရေးဖိုရမ်ရဲ့ နှစ်စဉ်အမြင် စစ်တမ်းကောက်ယူမှုက ဖော်ပြခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)