ဂင်္ဂါနဲ့ ယမုံနာမြစ်ကို အိန္ဒိယတရားရုံးက လူသားအဆင့် သတ်မှတ်ပြဋ္ဌာန်း

0
300

ဂင်္ဂါနဲ့ ယမုံနာမြစ်တို့ကို လူသားအဆင့်အဖြစ် အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ တရားရုံတစ်ခုက သတ်မှတ်ပြဋ္ဌာန်းလိုက်ပါတယ်။

ဟိမ၀န္တာတောင်တန်းဒေသ အူတာရခမ်ဒ်ပြည်နယ်ရှိ အဆင့်မြင့်တရားရုံးက ရေထုညစ်ညမ်းမှု အများအပြားဖြစ်ပေါ်နေတဲ့ မြစ်နှစ်စင်း ပြန်လည်သန့်စင် လာစေဖို့အတွက် အထောက်အကူဖြစ်စေဖို့ အခုလိုပြဋ္ဌာန်းလိုက်တာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

အခုလို သတ်မှတ်လိုက်တာကြောင့် မြစ်တွေကို ညစ်ညမ်းအောင်လုပ်တဲ့ လုပ်ရပ်တွေအပေါ်မှာ လူသားတစ်ဦးအပေါ်လုပ်ဆောင် သလိုမျိုး စဉ်းစားဆုံးဖြတ်ပေးသွားမှာ ဖြစ်ကြောင်း တရားရုံးက ဆက်လက်ပြောဆိုခဲ့ပါတယ်။

ဟိန္ဒူဘာသာဝင်အများစုနေထိုင်တဲ့ အိန္ဒိယနိုင်ငံမှာ အဆိုပါမြစ်နှစ်စင်းကို နတ်ဘုရားမတွေအဖြစ် လက်ခံယုံကြည်ပြီး ကိုးကွယ်ထားကြတာဖြစ်ပါတယ်။
နယူးဇီလန်နိုင်ငံက ဟွမ်ဂန်နူးမြစ်ကို လူသားအဆင့်သတ်မှတ်ချက် ထုတ်ခဲ့ပြီးနောက် တစ်ပတ်အကြာမှာ အိန္ဒိယတရားရုံးက အခုလို သတ်မှတ်လိုက် တာဖြစ်ပါတယ်။

ဟိန္ဒိုဘာသာဝင်တွေက အဆိုပါမြစ်နှစ်စင်းကို သူတို့နဲ့ ဆက်စပ်နေတယ်လို့ အခိုင်အမာယုံကြည်ထားတာဖြစ်ပါတယ်။
“ ဒီမြစ်နှစ်စင်းဟာ အိန္ဒိယလူဦးရေထက်ဝက်ခန့်ရဲ့ ကျန်းမာရေးချမ်းသာရေးနဲ့ ဆက်စပ်နေတာပါ၊ မရေတွက်နိုင်ခဲ့တဲ့အချိန်ကာလ ကတည်းက ကျွန်တော်တို့အပေါ်မှာ ဒီမြစ်နှစ်စင်းက ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုတွေ အများကြီး ပေးခဲ့ တာပါ” လို့ တရားရုံးက ဆက်လက်ဖော်ပြခဲ့ပါတယ်။

စက်မှုဖွံ့ဖြိုးမှုနဲ့ မြို့ပြဖြစ်ထွန်းမှုအရှိန်အားကောင်းလာတာကြောင့် မြစ်တွေက ရေထုညစ်ညမ်းမှုကြီးထွားလာခဲ့ကြောင်း တရားရုံး က ဆက်လက်ပြောဆို သွားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)