ေဆးမင္ထိုးထားသူေတြ ကိုယ္လံုးတီး လွည့္လည္ျပခိုင္းလို႔ ပြဲစီစဥ္သူ ဒဏ္႐ိုက္ခံရ

0
1086

 

ထိုင္းႏိုင္ငံရွိ ေရွာ့ပင္းေမာ တစ္ခုမွာ က်င္းပတဲ့ ေဆးမင္ပြဲေတာ္မွာ ပါဝင္ျပသသူေတြကို ေရွာ့ပင္းေမာအတြင္း ကိုယ္လံုးတီးေတြနဲ႔ လွည့္လည္ျပသခြင့္ျပဳတဲ့ ပြဲစီစဥ္သူ ဒဏ္႐ိုက္ခံရၿပီး ပြဲကို ခြင့္ျပဳမိန္႔ေပးတဲ့ ရဲအရာရွိလည္း ဒဏ္ေပးခံရပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္းက ထိုင္းႏိုင္ငံ အေရွ႕ပိုင္းရွိ ေစ်းဝယ္စင္တာ တစ္ခုမွာ ဒုတိယေျမာက္ ရာယြန္ ေဆးမင္ပြဲေတာ္ကို က်င္းပတာ ျဖစ္ပါတယ္။ တစ္ကိုယ္လံုးမွာ ေဆးမင္ ထိုးထားသူေတြက ေဆးမင္ေတြကို ျပသဖို႔ ခႏၶာကိုယ္ေပၚက အဝတ္အစားေတြကို အားလံုးနီးပါး ခြ်တ္ပစ္ခဲ့ၾကပါတယ္။

ကိုယ္လံုးတီးပါး ျဖစ္ေနတဲ့ ေဆးမင္ထိုးထားသူ အမ်ိဳးသား၊ အမ်ိဳးသမီးေတြကို လာေရာက္သူ အမ်ားအျပားက ၾကည့္႐ႈအားေပးခဲ့ၾကသလို ဒီလို လူၾကားထဲ လွည့္ျပတာကို ေဝဖန္ကန္႔ကြက္မႈေတြလည္း ထြက္ေပၚခဲ့ပါတယ္။ ေစ်းဝယ္စင္တာ လာသူတစ္ဦးက သူဟာ ႐ုပ္ရွင္ၾကည့္ဖို႔ ဇနီး၊ သမီးငယ္တို႔နဲ႔ လာေနခ်ိန္ျဖစ္လို႔ မသင့္ေတာ္ဘူးလို႔ ကန္႔ကြက္ပါတယ္။  

ပြဲစီစဥ္သူေတြ တစ္ဦးကို ဘတ္ ၅ ေထာင္စီ ဒဏ္ေငြ ႐ိုက္ခံရၿပီး ပြဲကို ခြင့္ျပဳခဲ့တဲ့ ရဲအရာရွိကေတာ့ ရက္ ၃၀ တိတိ ႐ံုးတြင္းလုပ္ငန္းေတြ လုပ္ဖို႔ ဒဏ္ေပးခံရပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>

ဆေးမင်ထိုးထားသူတွေ ကိုယ်လုံးတီး လှည့်လည်ပြခိုင်းလို့ ပွဲစီစဉ်သူ ဒဏ်ရိုက်ခံရ

ထိုင်းနိုင်ငံရှိ ရှော့ပင်းမော တစ်ခုမှာ ကျင်းပတဲ့ ဆေးမင်ပွဲတော်မှာ ပါဝင်ပြသသူတွေကို ရှော့ပင်းမောအတွင်း ကိုယ်လုံးတီးတွေနဲ့ လှည့်လည်ပြသခွင့်ပြုတဲ့ ပွဲစီစဉ်သူ ဒဏ်ရိုက်ခံရပြီး ပွဲကို ခွင့်ပြုမိန့်ပေးတဲ့ ရဲအရာရှိလည်း ဒဏ်ပေးခံရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ထိုင်းနိုင်ငံ အရှေ့ပိုင်းရှိ ဈေးဝယ်စင်တာ တစ်ခုမှာ ဒုတိယမြောက် ရာယွန် ဆေးမင်ပွဲတော်ကို ကျင်းပတာ ဖြစ်ပါတယ်။ တစ်ကိုယ်လုံးမှာ ဆေးမင် ထိုးထားသူတွေက ဆေးမင်တွေကို ပြသဖို့ ခန္ဓာကိုယ်ပေါ်က အဝတ်အစားတွေကို အားလုံးနီးပါး ချွတ်ပစ်ခဲ့ကြပါတယ်။

ကိုယ်လုံးတီးပါး ဖြစ်နေတဲ့ ဆေးမင်ထိုးထားသူ အမျိုးသား၊ အမျိုးသမီးတွေကို လာရောက်သူ အများအပြားက ကြည့်ရှုအားပေးခဲ့ကြသလို ဒီလို လူကြားထဲ လှည့်ပြတာကို ဝေဖန်ကန့်ကွက်မှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ဈေးဝယ်စင်တာ လာသူတစ်ဦးက သူဟာ ရုပ်ရှင်ကြည့်ဖို့ ဇနီး၊ သမီးငယ်တို့နဲ့ လာနေချိန်ဖြစ်လို့ မသင့်တော်ဘူးလို့ ကန့်ကွက်ပါတယ်။

ပွဲစီစဉ်သူတွေ တစ်ဦးကို ဘတ် ၅ ထောင်စီ ဒဏ်ငွေ ရိုက်ခံရပြီး ပွဲကို ခွင့်ပြုခဲ့တဲ့ ရဲအရာရှိကတော့ ရက် ၃၀ တိတိ ရုံးတွင်းလုပ်ငန်းတွေ လုပ်ဖို့ ဒဏ်ပေးခံရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)