
0
289



ဦးခေါင်း အကျိတ်ကြောင့် သူဟာ ခေါင်းကိုက်တာ၊ ဦးရေပြား ရောင်တာနဲ့ အမြင်အာရုံ ပျောက်ဆုံးတာတွေ ခံစားခဲ့ရပြီး ခွဲစိတ်ပြီးနောက် လက်ရှိမှာ ကျန်းမာရေး ကောင်းမွန်နေပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကမ္ဘာ့အကြီးဆုံး ဦးနှောက်အကျိတ်ကို အိန္ဒိယ ဆရာဝန်တွေ ခွဲထုတ်ပေး

အိန္ဒိယနိုင်ငံမှာ ကမ္ဘာ့အကြီးဆုံးလို့ ပြောနိုင်တဲ့ ဦးနှောက်အကျိတ်ကြီး ရှိနေသူကို အိန္ဒိယ ဆရာဝန်တွေက ၇ နာရီကြာ ခွဲစိတ်ပြီး ဖယ်ထုတ်ပေးခဲ့ရပါတယ်။

အသက် ၃၁ နှစ်အရွယ် အထည်ရောင်းသူ ဆန်တသယ် ပါလ် ဆိုသူရဲ့ ဦးခေါင်းရှိ အလေးချိန် ၄ ဒသမ ၁ ပေါင် (၁ ဒသမ ၉ ကီလိုဂရမ်) ရှိတဲ့ အကျိတ်ကို မွမ်ဘိုင်းက ဆရာဝန်တွေက ခွဲစိတ်ပေးခဲ့တာ ဖြစ်ပါတယ်။ BYL နီရာ ကုသိုလ်ဖြစ် ဆေးရုံမှာ ၇ နာရီကြာ ခွဲစိတ်ခဲ့ရပြီး ဦးနှောက်အကျိတ် ၃ ဒသမ ၁ ပေါင်ကို အောင်မြင်စွာ ဖယ်ရှားပေးနိုင်ခဲ့ကြပါတယ်။

ဦးခေါင်း အကျိတ်ကြောင့် သူဟာ ခေါင်းကိုက်တာ၊ ဦးရေပြား ရောင်တာနဲ့ အမြင်အာရုံ ပျောက်ဆုံးတာတွေ ခံစားခဲ့ရပြီး ခွဲစိတ်ပြီးနောက် လက်ရှိမှာ ကျန်းမာရေး ကောငး်မွန်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)