ဆီဗီလားနဲ႔ ခ်န္ပီယံလိဂ္ပြဲမွာ ကြင္းလယ္လူ ေပါ့ဘာ ေျခစြမ္းကို မန္ယူနည္းျပ ခ်ီးက်ဴး

0
260

မန္ယူနည္းျပ ေမာ္ရင္ဟိုက ဆီဗီလာနဲ႔ ဂိုးမရွိ သေရက်တဲ့ ခ်န္ပီယံလိဂ္ပြဲမွာ လူစားဝင္ ကစားခဲ့တဲ့ ကြင္းလယ္လူ ေပါ့ဘာ ေျခစြမ္းနဲ႔  အားထုတ္မႈကို ေက်နပ္ႏွစ္သက္တယ္လို႔ ေျပာလိုက္ပါတယ္။  

ေပါ့ဘာဟာ ေနာက္ဆံုးေလးပြဲမွာ သံုးပြဲေျမာက္အျဖစ္ ပြဲထြက္လူစာရင္းကေန ခ်န္လွပ္ခံရတာ ျဖစ္ၿပီး ဆီဗီလာနဲ႔ ခ်န္ပီယံလိဂ္ပြဲမွာလည္း ဒဏ္ရာရသြားတဲ့ ဟာရီရာ ေနရာမွာ လူစားဝင္ကစားခဲ့ရကာ အသင္းအတြက္ ေျခစြမ္းျပ ကစားႏိုင္ခဲ့ပါတယ္။

ေပါ့ဘာက အသင္းမွာ ကၽြန္ေတာ္ ေျပာထားတဲ့ ညႊန္ၾကားခ်က္ေတြအတိုင္း အေကာင္းဆံုး လိုက္နာႏိုင္ဖို႔ ႀကိဳးစားေနၿပီး ေျခစြမ္းအမွန္ကို ထိန္းဖို႔ အၿမဲႀကိဳးစားေနတယ္လို႔ နည္းျပ ေမာ္ရင္ဟုိက ေျပာခဲ့ပါတယ္။ ကြင္းလယ္လူ ေပါ့ဘာဟာ ၿပီးခဲ့တဲ့ သီတင္းပတ္ေတြက ကစားခဲ့တဲ့  ပြဲေတြမွာ ေမွ်ာ္လင့္သေလာက္ ေျခစြမ္းမျပႏုိင္တာေၾကာင့္ နည္းျပ ေမာ္ရင္ဟိုနဲ႔ ဆက္ဆံေရး အက္ေၾကာင္းေတြ ရွိခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆီဗီလားနဲ့ ချန်ပီယံလိဂ်ပွဲမှာ ကွင်းလယ်လူ ပေါ့ဘာ ခြေစွမ်းကို မန်ယူနည်းပြ ချီးကျူး

မန်ယူနည်းပြ မော်ရင်ဟိုက ဆီဗီလာနဲ့ ဂိုးမရှိ သရေကျတဲ့ ချန်ပီယံလိဂ်ပွဲမှာ လူစားဝင် ကစားခဲ့တဲ့ ကွင်းလယ်လူ ပေါ့ဘာ ခြေစွမ်းနဲ့ အားထုတ်မှုကို ကျေနပ်နှစ်သက်တယ်လို့ ပြောလိုက်ပါတယ်။

ပေါ့ဘာဟာ နောက်ဆုံးလေးပွဲမှာ သုံးပွဲမြောက်အဖြစ် ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံရတာ ဖြစ်ပြီး ဆီဗီလာနဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း ဒဏ်ရာရသွားတဲ့ ဟာရီရာ နေရာမှာ လူစားဝင်ကစားခဲ့ရကာ အသင်းအတွက် ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။

ပေါ့ဘာက အသင်းမှာ ကျွန်တော် ပြောထားတဲ့ ညွှန်ကြားချက်တွေအတိုင်း အကောင်းဆုံး လိုက်နာနိုင်ဖို့ ကြိုးစားနေပြီး ခြေစွမ်းအမှန်ကို ထိန်းဖို့ အမြဲကြိုးစားနေတယ်လို့ နည်းပြ မော်ရင်ဟိုက ပြောခဲ့ပါတယ်။ ကွင်းလယ်လူ ပေါ့ဘာဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေက ကစားခဲ့တဲ့ ပွဲတွေမှာ မျှော်လင့်သလောက် ခြေစွမ်းမပြနိုင်တာကြောင့် နည်းပြ မော်ရင်ဟိုနဲ့ ဆက်ဆံရေး အက်ကြောင်းတွေ ရှိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)